နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမန်တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို ၂ နှစ်ဆက်ဆွတ်ခူးခဲ့တဲ့ လီဝန်ဒေါစကီး

ဇူလိုင် ၂၇


ပိုလန်  တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီ ဘွန်ဒက်စ်လီဂါမှာ ၄၁ ဂိုးသွင်းပြီး ဂျာမနီဂန္ထဝင်ကြီး ဂတ်မူလာ ၁၉၇၁-၇၂ ရာသီမှာ တင်ထားခဲ့တဲ့ တစ်ရာသီအတွင်း သွင်းဂိုးအများဆုံး ဂိုး ၄၀ စံချိန် ကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဂျာမန်တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမား ဆုအတွက် မဲပေးရွေးချယ်ရာ မှာ လီဝန်ဒေါစကီးဟာ မဲပေါင်း ၅၆၃ မဲအနက် ၃၅၆ မဲရရှိခဲ့ပြီး အနီးဆုံးပြိုင်ဘက် မူလာထက် ၃၁၅ မဲ အသာရခဲ့တာကြောင့် ဘွန်ဒက်စ်လီဂါရဲ့ နှစ် ၅၀ ကြာ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီး ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။


ပိုလန်သားဟာ ၂၀၀၃ ခုနှစ် က မိုက်ကယ်ဘော လက်ပြီးတဲ့ နောက် ဒီဆုကို ၂ နှစ်ဆက် ရရှိခဲ့ တာဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ဖလားကို ဘိုင်ယန်မြူးနစ် ၉ နှစ် ဆက်ရရှိအောင် သွင်းဂိုးတွေနဲ့ ကူညီပေးနိုင်ခဲ့တာကြောင့် ဒီဆု နဲ့ တကယ်လည်း ထိုက်တန်ခဲ့ပါ တယ်။ 


သူဟာ ဘွန်ဒက်စ်လီဂါ ရွှေဖိနပ်ဆုကို ၆ ကြိမ် ဆွတ်ခူး နိုင်ခဲ့ပြီး မူလာရဲ့ ၇ ကြိမ် စံချိန် ကိုမီဖို့ ၁ ကြိမ်သာ လိုတော့တာ ပါ။ " ဒီဆုရဲ့ ဂုဏ်သိက္ခာကြီးမား ပုံကို ကျွန်တော် သိထားပြီးသား ပါ။ ကျွန်တော့်အတွက် အဖိုး မဖြတ်နိုင်ခဲ့တဲ့ ဆုတံဆိပ်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဂျာမနီ မှာ တစ်နှစ်တာအကောင်းဆုံးဆု ကို ၂ နှစ်ဆက်ရဖို့ဆိုတာ ရှားပါး လွန်းလို့ပါ"လို့ လီဝန်ဒေါစကီး က ဘိုင်ယန်ဝက်ဘ်ဆိုက်ကနေ ဖွင့်ဟလိုက်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ