နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌ကမ္ဘာ့အဆင့် ၁ ဂေါက်သီးရိုက်ကစားသမားနေရာကို စပိန်ကစားသမား ဂျွန်ရမ်း ပြန်လည်ရရှိ

ဇူလိုင် ၂၃


စပိန်ဂေါက်သီးရိုက်ကစားသမား ဂျွန်ရမ်းသည် Official World Golf Ranking က  သတ်မှတ်သည့် ကမ္ဘာ့ အဆင့်   သတ်မှတ်ချက်စာရင်းတွင် ကမ္ဘာ့အဆင့် ၁ ဂေါက်သီးရိုက် ကစား သမားနေရာကို ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။


ယင်းသည် The 149th Open ဂေါက်သီးရိုက်ပြိုင်ပွဲ မတိုင်မီရရှိခဲ့သည့် ရမှတ်များအရ ကမ္ဘာ့အဆင့် ၁ နေရာကို ဒက်စတင်းဂျွန်ဆင်ထံ လွှဲပြောင်းပေး ခဲ့ရသော်လည်း The 149th Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ရရှိခဲ့သည့် ရမှတ်များကြောင့် ကမ္ဘာ့အဆင့် ၁ နေရာ ကို ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။


ကမ္ဘာ့အဆင့် ၁ ဂေါက်သီးရိုက် ကစားသမားဟောင်း အမေရိကန် နိုင်ငံသား ဒက်စတင်းဂျွန်ဆင်သည် ကမ္ဘာ့အဆင့် ၂ နေရာ၌ ရပ်တည်ခဲ့ပြီး ၂၀၁၉ ခုနှစ်က ပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်လောကသို့ ဝင်ရောက် ခဲ့သည့် အသက် ၂၄ နှစ်အရွယ်ရှိ မိုရီ ကာဝါက ကမ္ဘာ့အဆင့် ၃ နေရာ၌ ရပ်တည်နိုင်ခဲ့သည်။


မိုရီကာဝါသည် The 149th Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးခဲ့ပြီးနောက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ အဆင့် ၃ နေရာ၌ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။      (သူရိန်)






အခြားဆက်စပ်သတင်းများ