နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာကလိုချင်နေတဲ့ပေါ်တူဂီအသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမားဆန်းချက်စ်

ဇူလိုင် ၂၂


စပိန်လာလီဂါရဲ့ ထိပ်တန်းကလပ်ဖြစ်တဲ့ ဘာစီလိုနာအသင်း ဟာအသင်းနဲ့ အံဝင်မှုမရှိတဲ့ ကော်တင်ဟိုနဲ့ ဂရေဇ့်မန်းတို့ရဲ့ အပြောင်းအရွှေ့သတင်းတွေကြောင့် ကွင်းလယ်ကစားသမား တစ်ဦးဖြစ်တဲ့ ရမ်နယ်တိုဆန်းချက်စ်ကို ခေါ်ယူချင်နေပါတယ်။ 


ဘာစီလိုနာအသင်း၏နည်းပြဖြစ်သူ ရော်နယ်လ်ကိုးမန်းကလည်း ရမ်နယ်တိုဆန်းချက်စ်ရဲ့ စွမ်းဆောင်မှုကို ကြိုက်နှစ်သက်နေပါ တယ်။ ရမ်နယ်တိုဆန်းချက်စ်ကို ခေါ်ယူဖို့အတွက် လီဗာပူလ်း နဲ့ အာဆင်နယ်အသင်းတွေကပါ   စောင့်ကြည့်နေတယ်လို့  သိရပါ တယ်။ ဒါကြောင့် ဘာစီလိုနာဟာဆန်းချက်စ်ကို အပြီးသတ် ခေါ်ယူနိုင် ခြင်းမရှိသည့်တိုင် အငှါးတစ်နှစ်နဲ့ ဦးစွာပထမခေါ်ယူပြီးမှ နောက် နှစ်မှသာအပြီး ခေါ်ယူသွားဖို့ အထိစဉ်းစားထားပါတယ်။ ဘိုင်ယန်မြူးနစ်မှာ ခြေစွမ်းပြနေပေမယ့် ၂၀၁၉ ခုနှစ်တွင် ဘိုင်ယန် မြူးနစ်မှ လိုင်လီအသင်းသို့ ပေါင် ၂၃ သန်းခန့်ဖြင့် ရောင်းချခဲ့ပါတယ်။ ပြီးခဲ့တဲ့ယူရို ၂၀၂၀ မှာ ရမ်နယ်တိုဆန်းချက်စ်ရဲ့ ပေါ်တူဂီအတွက် ကစားခဲ့သည့် ခြေစွမ်းကောင်းကြောင့် ဒီနွေရာသီစျေးကွက်မှာ ဘိုင်ယန်မြူးနစ်ကပ ပေါင် ၂၅ သန်းနှင့် လိုင်လီအသင်းမှ ပြန်လည်ဝယ်ယူရန်ပြင်ဆင်နေခြင်းပဲ ဖြစ်ပါ တယ်။ ရမ်နယ်တိုဆန်းချက်စ်ဟာ လိုင်လီအသင်းနှင့်အတူ ပြင်သစ်လီဂူးဝမ်း (Legu 1) ဆုဖလားကို ၂၀၁၉ ခုနှစ်တွင် ရယူနိုင်ခဲ့ သည်။                                                                           (SO)






အခြားဆက်စပ်သတင်းများ