နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိုလံပီယာကို့စ်အသင်း ဂိုးသမား ဂျို့စ်ဆာကို ဝုဗ်အသင်း ခေါ်ယူ

ဇူလိုင်  ၁၈

ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်း သည် အိုလံပီယာကို့စ်အသင်း ဂိုးသမား ဂျို့စ်ဆာကို ယူရို ရှစ်သန်းဖြင့် ငါးနှစ် စာချုပ်ချုပ်ဆိုကာ ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။
ဝုဗ်အသင်းအနေဖြင့် အိုလံပီယာ ကို့စ်အသင်းကို ဆုဖလားရရှိအောင်လက် စွမ်းပြကူညီခဲ့သည့် ဂိုးသမား ဂျို့စ်ဆာ ကို ပြီးခဲ့သည့် ရက်ပိုင်းက ရိုးမားအ သင်းသို့ ပြောင်းရွှေ့သွားသည့် ဂိုး သမား ပက်ထရီစီယို၏နေရာတွင် အစားထိုး ရန် ငါးနှစ်သက်တမ်းရှိ  သဘောတူ စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဂျို့စ်ဆာသည် ယင်း၏ ကစားသမား ဘဝကို ၂၀၁၂ ခုနှစ်က မာရီတီမို အသင်းနှင့် စတင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် ပေါ်တိုအသင်းသို့ ပြောင်း ရွှေ့ခဲ့ပြီး အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၂၅ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့သဖြင့် ၂၀၁၈ ခုနှစ်က အိုလံပီယာကို့စ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ရာ အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၂၄ ပွဲ ပါဝင်ကစားခွင့်ရခဲ့ ကာ ဂရိဖလားတစ်ကြိမ်၊ ဂရိစူပါလိဂ် ဖလားနှစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။
(သူရိန်)






အခြားဆက်စပ်သတင်းများ