နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရိုက်တန်မှ ဘင်ဝှိုက်ကို အပြီးသတ်ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ အာဆင်နယ်

ဇူလိုင်  ၁၈

ဘင်ဝှိုက်ကို ပြောင်းရွေ့ကြေး ပေါင် သန်း ၅၀ ဖြင့်ခေါ်ယူဖို့အတွက် အာဆင် နယ်ဟာ ဘရိုက်တန်နှင့် သဘောတူ ညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။
ဘင်ဝှိုက်ဟာ အာဆင်နယ်နဲ့ပုဂ္ဂိုလ် ရေးအရ သဘောတူညီမှုရရှိထားတာ ဖြစ်ပြီး ဆေးစစ်ဖို့သာ ကျန်ရှိတော့တာ ဖြစ်ကာ အသင်းနဲ့ ၅ နှစ်သက်တမ်း ရှိစာချုပ် ချုပ်ဆိုမှာဖြစ်ကာ အာဆင် နယ် အသင်းရဲ့ ဈေးအကြီးဆုံးနောက် တန်းကစားသမားဖြစ်လာမှာပါ။

ဘရိုက်တန်ဟာ  အာဆင်နယ် အသင်းရဲ့ ပေါင်သန်း ၄၅ သန်းဖြင့်ထပ် မံကမ်းလှမ်းမှုကိုပါ ငြင်းပယ်ခဲ့တာဖြစ် ပါတယ်။ အခြားကလပ်တွေဖြစ်တဲ့ ချဲလ် ဆီး၊ အဲဗာတန်၊ ယူနိုက်တက်၊ လီဗာပူး နဲ့တော့တင်ဟမ်တို့ဟာ အင်္ဂလန်သား ကိုခေါ်ယူဖို့ စိတ်ဝင်စားကြပေမယ့် အာဆင်နယ်ကလပ် တစ်ခုတည်းကသာ ကစားသမားကို ကမ်းလှမ်းခဲ့တာဖြစ်ပါ တယ်။
ဩစတြေးလျ၊ ရိုမေးနီးယားတို့နှင့် ကစားခဲ့တဲ့ ခြေစမ်းပွဲများတွင်း ကစား ခဲ့ရသော်လည်း  ယူရိုပြိုင်ပွဲမှာတော့ ပွဲထွက်ခွင့်မရရှိခဲ့ပါဘူး။

၂၀၁၄ ခုနှစ်မှာတော့ ဆောက်သမ် တန်ကနေ ဘရိုက်တန်ကခေါ်ယူခဲ့တာ ဖြစ်ပြီးအငှားသွားရောက် ကစားခဲ့ရင်း အချိန်ကုန်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ရာသီက ပေါ်တာ ရဲ့ ပထမအသင်းသို့ ရောက်ရှိလာခဲ့ပြီး ဗဟိုခံစစ်ရဲ့ ညာခြမ်းမှာ ခြေစွမ်းပြခဲ့တာ ဖြစ်ပါတယ်။                                     (SO)






အခြားဆက်စပ်သတင်းများ