နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝုဗ်အသင်းက ဂိုးသမား ပက်ထရီစီယိုကို ခေါ်ယူလိုက်တဲ့ ရိုးမားအသင်း

 ဇူလိုင် ၁၅


ရိုးမားအသင်းဟာ   ပေါ်တူဂီ ဂိုးသမား ရူအီပက်ထရီစီယိုကို ခေါ်ယူ လိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့ ပါတယ်။ ရိုးမားအသင်းဟာ ကနဦး ပေါင် ၉ ဒသမ ၈သန်း ပေးချေသွား ရမှာဖြစ်ပြီး အဆိုပါ အပြောင်းအရွှေ့ ကို ဝုဗ်အသင်းကလည်း အတည်ပြု ခဲ့ပါတယ်။ ၃၃နှစ်အရွယ်   ဂိုးသမားဟာ မေလက ရိုးမားနည်းပြသစ်ဖြစ် လာ တဲ့ မော်ရင်ဟိုရဲ့ ပထမဆုံးခေါ်ယူမှုလည်း ဖြစ်လာခဲ့ပါတယ်။ 


ပက်ထရီစီယိုက  “ရိုးမားက အသင်းကြီး တစ်သင်းဖြစ်ပြီး ဒီလို ပစ်မှတ်မျိုးရအောင် ယူနိုင်ခဲ့တဲ့အတွက် စိတ်လှုပ်ရှားနေပါတယ်။  ဟိုဆေးနဲ့ ပတ်သက်ပြီး သူက ကမ္ဘာ့အကောင်းဆုံး နည်းပြ တစ်ဦးဖြစ်ပြီး သူနဲ့စတင် အလုပ် လုပ်ခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားနေ ကာ အသင်းကိုကူညီဖို့  အစွမ်းကုန် ကြိုးစားသွားပါမယ်”လို့ ပြောခဲ့ပါတယ်။ 


ပက်ထရီစီယိုဟာ ၂၀၁၈ ခုနှစ်က စပို့တင်းလစ္စဘွန်း  ပရိသတ်တွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပြီးနောက် ၂၀၁၈ ခုနှစ်မှာ ဝုဗ်ကို ပြောင်းလာခဲ့တာ ဖြစ်ပါ တယ်။ 

ဝါရင့်ဂိုးသမားဟာ ဝုဗ်အတွက် ပွဲပေါင်း ၁၃၅ ပွဲကျော် ကစားပေးခဲ့ကာ ၃၇ ပွဲ ဂိုးမပေးရအောင် စွမ်းဆောင်ထား နိုင်ခဲ့ပါတယ်။ ပက်ထရီစီယို ထွက်သွား တာကြောင့် ဝုဗ်အသင်းဟာ အိုလံပီယာ ကို့စ် ဂိုးသမား ဟိုဆေးဆာကို ခေါ်ယူ သွားဖို့ ရှိနေပါတယ်။                     

(SO)






အခြားဆက်စပ်သတင်းများ