နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသင်းခေါင်းဆောင်လက်ပတ်ကို လွှင့်ပစ်ရုံမက ကန်ခဲ့တဲ့ ရော်နယ်ဒို

 ဇွန် ၃၀


ဘယ်လ်ဂျီယံကို  ရှုံးနိမ့်ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကနေ ထွက်ခဲ့ရ တဲ့ စီရော်နယ်ဒိုဟာ ဒေါသထွက်နေပြီး အသင်းခေါင်းဆောင် လက်ပတ်ကို ဆွဲချွတ်လွှင့်ပစ်ခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ရှုံးနိမ့်မှုကြောင့် မချင့်မရဲဖြစ်ကာ သည်းခံနိုင်စွမ်းမရှိဘဲ ဥမင်ထဲအဝင် လမ်းမှာ ပေါက်ကွဲခဲ့တာပါ။


ပိုဆိုးတာကတော့ လွှင့်ပစ်လိုက် တဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ကန်ခဲ့တာပါပဲ။  သူ့နောက်မှာ  လိုက်ပါ လာတဲ့တစ်ယောက်က  အောက်မှာကျ နေတဲ့ ကပ္ပတိန်လက်ပတ်ကို လိုက် ကောက်ခဲ့ရပါတယ်။  ဒီဖြစ်ရပ်ကို ရုပ်သံထုတ်လွှင့်မှုတွေမှာ   မမြင်ခဲ့ ရပေမယ့်  ပရိသတ်တစ်ယောက်က မှတ်တမ်းယူပြီး အွန်လိုင်းပေါ်တင် လိုက်တာကြောင့်  ရော်နယ်ဒိုအပေါ် ဝေဖန်သံတွေ  ညံလာခဲ့ပါတယ်။ ဘယ်လ်ဂျီယံနဲ့ပွဲမှာ   ရော်နယ်ဒိုဟာ အခွင့်အရေး တစ်ချို့ရခဲ့ပေမယ့် ဂိုး အဖြစ် ပြောင်းလဲမပေးနိုင်ခဲ့ပါဘူး။ ဂျိုတာနဲ့ ဂျာအိုဖီးလစ်တို့လည်း အပိုင် အခွင့်အရေးတွေ  လွဲချော်ခဲ့ကြတာ ကြောင့်  သော်ဂန်ဟာဇက်ရဲ့ ဂိုးကို မချေပနိုင်ဘဲ အရှုံးပေးခဲ့ရတာပါ။ 


ပွဲအပြီးမှာ ရော်နယ်ဒိုကို ဘယ်လ် ဂျီယံတိုက်စစ်မှူး လူကာကူက ပွေ့ ဖက် နှစ်သိမ့်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ပေါ်တူဂီတိုက်စစ်မှူးဟာ ကွင်းထဲက အထွက်မှာတော့ ဘယ်လိုမှ မချုပ်တည်း နိုင်ခဲ့ဘဲ ဖြစ်ခဲ့ရ တာပါ။ ဒါဟာ သူ့အတွက် ပထမဆုံး အကြိမ် တော့ မဟုတ်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း အသင်း ခေါင်းဆောင်လက်ပတ်ကို ဆွဲချွတ်ပြီးမြက်ခင်းပေါ်လွှင့်ပစ်ခဲ့ပါသေးတယ်။ အခုတစ်ကြိမ်မှာတော့ ကန်ပါကန်ခဲ့တာ ကြောင့် နိုင်ငံလက်ရွေးစင်အသင်းရဲ့ ခေါင်းဆောင်လက်ပတ်ကို  လေးစား သင့်တယ်ဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ် နေတာပါ။                                 

  (SO)






အခြားဆက်စပ်သတင်းများ