တိုးတက်လာသော လူနေမှုစနစ်နှင့်အညီ နေအိမ်များ အိမ်မွေး တိရစ္ဆာန်များ မွေးမြူလာကြသည်။ မွေးမြူသည့် တိရစ္ဆာန်များမှာ ခွေး၊ ကြောင်နှင့် ကျေးငှက်တို့ဖြစ်ကြသည်။ အထူးသဖြင့် အလှမွေး ခွေးအမျိုးမျိုး မွေးမြူလာကြရာတွင် သတိပြုဖို့လိုသည်။
အဓိကအားဖြင့် ခွေးရူးပြန်ရောဂါသည် ခွေးများတွင်သာမက ကြောင်များနှင့် အသားစားသတ္တဝါများတွင် ဖြစ်ပွား တတ်ကြောင်း သိရသည်။ ရောဂါဖြစ်ပွားနေသော ခွေး၊ ကြောင် အစရှိသည့် အိမ်မွေးတိရစ္ဆာန်များ လူကိုအကိုက်ခံ၊ အကုတ်ခံရပါ က ယင်းတို့တွင်ရှိသော ဗိုင်းရပ်စ်ပိုးများ လူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်ခြင်းကြောင့် ဖြစ်ပွားရသော ရောဂါဖြစ်ပြီး ရောဂါဖြစ်ပွား ပါက အသက်ဆုံးရှုံးနိုင်သည်။ သို့သော် အချိန်မီကာကွယ်ဆေးထိုး ခြင်းဖြင့် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုအား ကာကွယ်နိုင်သည်။
အကယ်၍ ခွေးကိုက်ခံရပါက ဒဏ်ရာကို ချက်ချင်းဆပ်ပြာ သုံး၍ ရေနိုင်နိုင်သုံးကာ အနည်းဆုံး ၁၅ မိနစ်ကြာအောင် ပွတ်သပ် ဆေးကြောရပါမည်။ ရောဂါမဖြစ်ပွားမီ အချိန်မီ ကာကွယ်ဆေး ထိုးခြင်းဖြင့် ခွေးရူးပြန်ရောဂါဖြစ်ပွားနှုန်း ရာနှုန်းပြည့်ကာကွယ်ပေး နိုင်သည်။ ခွေးကိုက်ခံရပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့် အမြန် ဆုံး ဆက်သွယ်၍ ကျန်းမာရေးဝန်ထမ်းများနှင့် စနစ်တကျ ကုသပေးသင့်ကြောင်း ကျန်းမာရေးပညာရှင်များက အသိပေးထား သည်။
အိမ်မွေးတိရစ္ဆာန် မွေးမြူသူတိုင်း သတိပြုရမည့်အချက်မှာ တိရစ္ဆာန်များနှင့် အရောတဝင်မပြုလုပ်ရန်နှင့် အရောတဝင်ပြုမိပါ က အမှတ်မထင် လူကို ကိုက်တတ်ကြောင်း တိရစ္ဆာန်ဆရာဝန်များ က သတိပေးထားသည်။ ပဲခူးမြို့ ရွှေမော်ဓောစေတီမြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဈေးအတွင်း ဧပြီ ၂၇ ရက်က လူ ၂၉ ဦး ခွေးရူး ကိုက်ခံရကြောင်း လူမှုကွန်ရက်ပေါ်တွင် တွေ့မြင်ရသည်။ ခွေးရူး အကိုက်ခံရသူများကို ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိကြောင်း ပဲခူးမြို့နယ် ကျန်းမာရေးဦးစီးဌာနက အသိပေးထားသည်။
မကြာခဏ ခရီးသွားသူများ ဈေးလှည့်လည်ရောင်းသူများ၊ လမ်းပေါ်တွင် အလုပ်လုပ်နေကြသည့် စည်ပင်ဝန်ထမ်းများ၊ ခွေးရူး ပြန်ရောဂါနှင့် ပတ်သက်၍ တာဝန်ယူရသည့် ဓာတ်ခွဲခန်းဝန်ထမ်း များ ဆေးရုံနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တိရစ္ဆာန်ဆေးကုဝန်ထမ်း များ ကလေးငယ်များ၊ ခွေးကိုက်ခံရနိုင်ခြေများသဖြင့် ခွေးရူးပြန် ရောဂါဆေးကို ခွေးကိုက်မခံရမီ ကြိုတင်ထိုးနှံရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။
သို့ဖြစ်ရာ မိမိ၏ အိမ်မွေးတိရစ္ဆာန်များကိုလည်း ခွေးရူးပြန် ကာကွယ်ဆေးထိုးနှံပြီး မွေးမြူကြရန်လိုအပ်ပါကြောင်း။