နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီးယူအဖွဲ့ဝင်မဟုတ်သည့် နိုင်ငံပေါင်း ၁၀ နိုင်ငံ၏ ခရီးသွားကန့်သတ်ချက်ကို စပိန်ပယ်ဖျက်

မက်ဒရစ် မေ ၂၃

စပိန်နိုင်ငံသည် တရုတ်၊ တောင် ကိုရီးယား၊ ဗြိတိန်စသည့် ဥရောပသမဂ္ဂ အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံပေါင်း ၁၀ နိုင်ငံ၏  ခရီးသွားကန့်သတ်ချက်ကို လာမည့် မေ ၂၄ ရက်မှစ၍ ပယ်ဖျက် သွားမည်ဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ် က ကြေညာခဲ့သည်။

မေ ၂၄ ရက်မှစ၍ စပိန်သည် တရုတ်၊ တောင်ကိုရီးယား၊  ဗြိတိန်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန်၊ အစ္စရေး၊ ရဝန်ဒါစသည့် ဥရောပသမဂ္ဂအဖွဲ့ဝင်မ ဟုတ်သည့် နိုင်ငံပေါင်း ၁၀ နိုင်ငံ၏ ခရီးသွားဧည့်သည်များကို လက်ခံသွား မည်ဖြစ်ကြောင်း သိရသည်။ ဇွန် ၇ ရက်မှစ၍ ဥရောပဆေးဝါး ကြီးကြပ်ရေး အေဂျင်စီ (EMA) သို့မဟုတ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)မှ ခွင့်ပြုထား သည့် Covid 19 ကာကွယ်ဆေးထိုးနှံပြီး သည့်  အထောက်အထားရှိပါက မည် သည့် နိုင်ငံနှင့်ဒေသမှဖြစ်စေ စပိန်သို့  အကန့်အသတ်မရှိ ဝင်ရောက်နိုင်ကြောင်း  ထုတ်ပြန်ထားသည်။

မက်ဒရစ် နိုင်ငံတကာခရီးသွားပြပွဲ ကို  မေ  ၁၉  ရက်  မှ  ၂၃  ရက်အထိ  မက်ဒရစ် မြို့ နိုင်ငံတကာပြခန်းတွင် ကျင်းပနေခြင်း ဖြစ်ကာ ၂၀၂၁ ခုနှစ်နှစ်ကုန်ပိုင်းတွင် နိုင်ငံတကာ ခရီးသွားလက်ခံမှုပမာဏ သည် ၂၀၁၉ ခုနှစ်နှင့်ယှဉ်ပါက မြင့်တက် လာနိုင်ကြောင်း ခန့်မှန်းထားသည်။ မက်ဒရစ် နိုင်ငံတကာခရီးသွားပြပွဲသည် ဂျာမနီနိုင်ငံ ဘာလင်နိုင်ငံတကာ ခရီး သွားပြပွဲပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံး ခရီးသွားပြပွဲဖြစ်သည်။    
ရဲခေါင် (ref; CNA)






အခြားဆက်စပ်သတင်းများ