နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လမ်းများပိတ်ဆို့ထားခြင်းနှင့်အစိုးရဆန့်ကျင်စာသားများဆက်လက်ရှင်းလင်းဆောင်ရွက်

ရန်ကုန် ဧပြီ ၁၄   
ရန်ကုန်မြို့အတွင်း တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးလိုသူများက အများ ပြည်သူသွား လမ်းများပေါ်တွင် လမ်းပိတ်အတားအဆီးများပြုလုပ်ထားခြင်းအား၊ ပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာဝန်ထမ်းများက ယန္တရားများ၊ မြေသယ်ယာဉ် များ အသုံးပြုကာ ဖယ်ရှား ရှင်းလင်းခြင်းနှင့်အစိုးရဆန့်ကျင် စာသားများကိုဆေးဖြင့် ရေးဆွဲထားခြင်း၊ နံရံများ တံတိုင်းများတွင်ကပ်ထားခြင်းအား စည်ပင်သာယာ ဝန်ထမ်းများက   ဖျက်သိမ်း ရှင်းလင်း ခဲ့ကြောင်းသိရသည်။
ထိုသို့ ရှင်းလင်းရာတွင် မရမ်းကုန်းမြို့နယ် (၂)ရပ်ကွက် ဦးဘဟန်လမ်းသွယ် ခိုင်ရွှေဝါလမ်း၊ ရွှေဝါခိုင်လမ်း၊ ဦးရေခဲလမ်း၊ ဘောဂသိဒ္ဓိလမ်း၊ ဒေါ်လှပန်းလမ်း၊ ဦးဘအိုးကွင်းပိုင်လမ်းနှင့် ဒေးဗစ်ရွှေနုလမ်း၊ ကမာရွတ်မြို့နယ် လှည်းတန်း(၆)လမ်း၊ ပတ္တမြားလမ်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ သံပန်းတံခါးများနှင့် သဲအိတ်များအား၊ ဖယ်ရှားရှင်းလင်းခဲ့ကြောင်းနှင့် ကမာရွတ်မြို့နယ် လှည်တန်းလမ်း ကျောင်းရှေ့မှတ်တိုင်နှင့် အ.ထ.က(၅)ကျောင်းရှေ့၊ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကလေးအနောက်ရပ်ကွက်(၈၈) လမ်း၊ ကန်ရိပ်သာလမ်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ကားမှတ်တိုင်များတွင် ရေးသားထားသည့်အစိုးရဆန့်ကျင် စာသားများအား ဖျက်သိမ်းရှင်းလင်းခဲ့ကြောင်းသိရသည်။

                                    (ကျော်သူထက်)






အခြားဆက်စပ်သတင်းများ