နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘိုင်ယန်မြူးနစ် ခံစစ်ကစားသမား ဒေးဗီစ် ခြေချင်းဝတ်ဒဏ်ရာကြောင့် နှစ်လခန့် အနားယူရမည်

အောက်တိုဘာ  ၂၆


ဘိုင်ယန်မြူးနစ်အသင်း ခံစစ်ကစားသမား ဒေးဗီစ်သည် ခြေချင်းဝတ်ဒဏ်ရာကြောင့် နှစ်လခန့် အနား ယူရမည်ဖြစ်ကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်နှင့် ဖရန့်ဖတ်အသင်းပွဲစဉ်တွင် ဒေးဗီစ်အနေဖြင့် ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ယင်းဒဏ်ရာကို ဘိုင်ယန်မြူးနစ်အသင်း ဆေးအဖွဲ့က အသေးစိတ်စစ်ဆေးမှုပြုလုပ်ခဲ့ရာ နှစ်လခန့်အထိ အနားယူရမည်ဖြစ်သည်။

အသက် ၁၉ နှစ်အရွယ်ရှိ ဒေးဗီစ်သည် ပြီးခဲ့သည့်ဘောလုံးရာသီက ဘိုင်ယန်မြူးနစ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး ယူအီးအက်ဖ်အေ၏ တစ်နှစ်တာအကောင်းဆုံးအသင်းတွင်လည်း ပါဝင်ခဲ့ သည်။

ယင်းအနေဖြင့် ဒဏ်ရာပြဿနာကြောင့် အနားယူရမည်ဖြစ်သဖြင့် ဘိုင်ယန်မြူးနစ်အသင်းခံစစ်ပိုင်း အတွက် စိုးရိမ်ဖွယ်ရာဖြစ်ခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ဒေးဗီစ်ဒဏ်ရာရရှိခဲ့သော်လည်း ယင်း၏နေရာတွင် ၂၀၁၉ ခုနှစ်က ခေါ်ယူ ထားသည့် ပြင်သစ်ကစားသမား လူးကပ်စ်ဟာနန်ဒက်ဇ်နှင့် အစားထိုးသွားဖွယ်ရှိနေသည်။               


(သူရိန်)






အခြားဆက်စပ်သတင်းများ