နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပြေးမြန်၊ အခုန်သန်လှတဲ့ ရော်နယ်ဒို ကိုဗစ်ရန်ကတော့ ပြေးမလွတ်ပါဘူး

အောက်တိုဘာ  ၁၅


ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က အံ့အားသင့်ဖွယ်သတင်းတစ်ပုဒ် ထုတ်ပြန်လိုက်ချိန်မှာတော့ ပေါ်တူဂီပရိသတ် အားလုံး မှင်သက်မိငြိမ်သက်သွားခဲ့ရပါတယ်။ ဒီသတင်းဆိုးကတော့ အသက် ၃၅ နှစ်အရွယ် ပေါ်တူဂီ တိုက်စစ်မှူးကြီး ရော်နယ်ဒိုတစ်ယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ဘောလုံးလောကရဲ့ ထိပ်ဆုံးကပဲဖြစ်ဖြစ်၊ ဘောလုံးလောကမှာအမြန်ဆုံးပဲပြေးနိုင်နိုင်၊ အမြင့်ဆုံးပဲ ခုန်နိုင်နိုင် ကိုရိုနာဗိုင်းရပ်စ်ရောက်လာရင်တော့ ဘယ်လိုမှမလွတ်တော့ပါဘူး။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်ကပဲ ပြင်သစ်နဲ့ကစားခဲ့တဲ့ သရေကျတဲ့ပွဲမှာ ပါဝင်ခဲ့ပါသေးတယ်။ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင် ထုတ်ပြန် ချက်ကြောင့် ပေါ်တူဂီစတားဟာ အသင်းရဲ့လူစာရင်းကနေ နုတ်ထွက်သွားခဲ့ရပြီး သီးခြားစောင့်ကြပ်ကုသမှု ခံယူရတော့ မှာဖြစ်ပါတယ်။ 

“ရော်နယ်ဒိုဟာ ခံစားချက်ကောင်းမွန်ပါတယ်။ ရောဂါလက္ခဏာလဲမပြသေးပါဘူး။ အခုတော့ သူ ကွာရင်တင်းဝင်သွားပါပြီ”လို့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူက ပြောကြားကြောင်း sperza သတင်း ဌာနက ဆိုပါတယ်။ 

တကယ်တော့ ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်အသင်းမှာ ပိုးတွေ့ထားသူ ၂ ဦးရှိနေတာဖြစ်ပါတယ်။ အသင်းအနေနဲ့ ရော်နယ်ဒို ကွာရင်တင်းဝင်ပြီးမှသာ အသင်းမှာ လက်ခံသင့်တယ်လို့ သတင်းဌာနက ဆက်လက်ဖော်ပြထား ပါတယ်။ ရော်နယ်ဒိုနဲ့ နေးရှင်းလိဂ် နောက်ဆုံးပွဲစဉ်မှာ ထိတွေ့မှုရှိခဲ့တဲ့ ကစားသမားအားလုံးလည်း ကွာရင်တင်းဝင်ရောက်ရနိုင်ပါတယ်။ (SO)






အခြားဆက်စပ်သတင်းများ