နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမ္မတဒေါ်နယ်ထရမ့်၏ အတွင်းစည်းတွင် ပါဝင်နေသူများ COVID-19 ရောဂါပိုး ကူးစက်ခံရ

 အောက်တိုဘာ  ၇၊ ဝါရှင်တန်


အိမ်ဖြူတော်၏ စီနီယာအကြံပေးအရာရှိ စတီဖင်မီလာ အပါအဝင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အတွင်းစည်းတွင် ပါဝင်သူများ COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့် ၅ ရက်ကတည်းက သီးသန့်ခွဲခြားနေထိုင်ခဲ့သည့် စတီဖင်မီလာက COVID-19 ရောဂါပိုး ကူးစက်ခံထားရခြင်းကို ပြီးခဲ့သည့်အင်္ဂါနေ့က အတည်ပြုခဲ့သည်။


စတီဖင်မီလာအပြင် အမေရိကန်စစ်တပ်၏ ထိပ်တန်းအရာရှိတစ်ဦးဖြစ်သည့် ကမ်းခြေစောင့်တပ်ဖွဲ့ ဗိုလ်ချုပ်ကြီး ချားစ်ရေးမှာလည်း COVID-19 ရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် အမေရိကန်စစ်တပ်၏ ထိပ်တန်းဗိုလ်ချုပ်ကြီး မက်ခ်မိုင်လေနှင့် အခြားစစ်ဘက်ဆိုင်ရာခေါင်းဆောင်များ အသွားအလာကန့်သတ်စောင့်ကြည့်မှု ခံယူခဲ့ရသည်။


စတီဖင်မီလာ၏ ဇနီး ကေတီမီလာမှာ ဒုတိယသမ္မတ မိုက်ပန့်စ်၏ ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး ပြီးခဲ့သည့် မေလက COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ပြန်လည်သက်သာလာခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် စတီဖင်မီလာ၏ အသက် ၉၇ နှစ်အရွယ် အဘွားဖြစ်သူ ရုသ်ဂလော့ဆာမှာ COVID-19 ရောဂါနှင့် သက်ဆိုင်သည့် ဝေဒနာများကြောင့် ကွယ်လွန်ခဲ့သည်ဟု သတင်းများက ဖော်ပြသည်။ သို့သော် ရုသ်ဂလော့ဆာမှာ COVID-19 ရောဂါကြောင့် သေဆုံးခဲ့ခြင်းမဟုတ်ကြောင်း အိမ်ဖြူတော်က ငြင်းဆန်ခဲ့သည်။


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မိန့်ခွန်းများ ရေးသားပေးခဲ့သည့် စတီဖင်မီလာမှာ ရွှေ့ပြောင်း နေထိုင်သူများအပေါ် တင်းမာသည့် သဘောထားအမြင်ရှိခြင်းကြောင့် လူသိများကျော်ကြားခဲ့သူဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမ္မတကတော် မီလာနီယာထရမ့်တို့ အပါအဝင် အိမ်ဖြူတော်၏အခြားအရာရှိများ COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရသည်။                 


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ