နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သိန္နီမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

သိန္နီ စက်တင်ဘာ ၂၇


  စက်တင်ဘာ ၂၅ ရက်၊ ညနေ ၅ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်၊ ပန်စုံကျေးရွာအနီး၊ မူဆယ်-မန္တလေးသွားကားလမ်းတွင် တုံပေါက်ဟန် (ခ)စိန်လှိုင် မောင်းနှင်လာသော HINO RANGER အမျိုးအစား ၆ ဘီးမော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်ပေါ်မှ Acetic Anhydride Acid ၁,၅၀၀ လီတာ၊ Dichloromethane ၂,၆၄၀ လီတာ၊ Theophylline ၉၇၅ ကီလိုနှင့် မြန်မာငေွ ၃၀၀,၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့ပါသည်။ 

အဆိုပါသိမ်းဆည်းရမိပစ္စည်းများနှင့်အတူ တုံပေါက်ဟန် (ခ)စိန်လှိုင်(၄၈)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ