နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပနားမားကမ်းလွန်ဘက်ရှိ အပျော်စီးသင်္ဘောပေါ်မှ ကျန်းမာသည့်ခရီးသည်များကို အခြားသင်္ဘောထံ ရွှေ့ပြောင်းပေး

COVID-19 ကြောင့် လူလေးဦး သေဆုံးခဲ့ပြီး ရောဂါကူးစက်ခံထားရသူနှစ်ဦး တွေ့ရှိခဲ့ပြီးနောက် ပနားမားကမ်းလွန်ဘက်တွင် ခရီးသည် ၁၈၀၀ ကျော် တင်ဆောင်ထားသည့် အပျော်စီးသင်္ဘောပေါ်မှ ကျန်းမာရေးကောင်းသည့် ခရီးသည်များကို အခြားသင်္ဘောပေါ်သို့ ရွှေ့ပြောင်း ပေးလျက်ရှိသည်။ အပျော်စီးသင်္ဘောပေါ်မှ လူ ၁၃၀ ကျော်မှာ တုပ်ကွေးနှင့် အလားသဏ္ဍာန်တူသည့် ရောဂါလက္ခဏာများ၊ အသက်ရှူမဝသည့် ရောဂါများ ခံစားနေရသည်ဟု Zaandam အပျော်စီးသင်္ဘောကို ပိုင်ဆိုင်သည့် Holland America ကုမ္ပဏီက ပြောသည်။ ရောဂါလက္ခဏာမပြသည့် ခရီးသည်များကို Zaandam အပျော်စီးသင်္ဘော၏ ညီအစ်မသင်္ဘောထံသို့ ရွှေ့ပြောင်းပေးလျက်ရှိသည်ဟု ဆိုသည်။ ထို့ကြောင့် နောက်ထပ်ခရီးသည်များအနေဖြင့် COVID-19 ကူးစက်ခံရခြင်းမှ လွတ်မြောက်လိမ့်မည်ဟု Holland America ကုမ္ပဏီက ပြောသည်။ Zaandam အပျော်စီးသင်္ဘောနှင့် ညီအစ်မသင်္ဘောဖြစ်သည့် Rotterdam သင်္ဘောတို့မှာ ပနားမား ကမ်းရိုးတန်းရှိ ပစိဖိတ်သမုဒ္ဒရာ ကမ်းလွန်ဘက်တွင် ရှိနေသည်။ Zaandam အပျော်စီးသင်္ဘောမှာ ဖလော်ရီဒါပြည်နယ်သို့ သွားရန် စီစဉ်ထားသော်လည်း COVID-19 အတည်ပြုလူနာပါဝင်သည့် သင်္ဘော အားလုံးကို ပနားမားတူးမြောင်းအတွင်း ဖြတ်သန်းသွားလာခွင့်မပြုဟု ပနားမားနိုင်ငံ အာဏာပိုင်များက ထုတ်ပြန်ထားခြင်းကြောင့် ပနားမားကမ်းလွန်ဘက်တွင် ပိတ်မိနေခြင်းဖြစ် သည်။ Zaandam အပျော်စီးသင်္ဘောပေါ်မှ Rotterdam သင်္ဘောထံ ရွှေ့ပြောင်းပေးခဲ့သည့် ခရီးသည်အရေအတွက်ကို တိတိကျကျ မသိရပေ။ Ref:BBC (KNT)






အခြားဆက်စပ်သတင်းများ