နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Your Name ကာတွန်းဇာတ်ကားကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်ရိုက်ကူးမည်

စက်တင်ဘာ   ၂၁


Paramount ရုပ်ရှင်ကုမ္ပဏီက နာမည်ကျော် ဂျပန်ကာတွန်းရုပ်ရှင်ဇာတ်ကားဖြစ်သည့် Your Name ဇာတ်ကားကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်ရိုက်ကူးထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။


Your Name ဇာတ်ကားသည် ရုပ်ခန္ဓာချင်းပြောင်းလဲ၍ရသည့် ဆယ်ကျော်သက်လူငယ်တစ်ဦးနှင့် မိန်းကလေးငယ်တစ်ဦးတို့၏ ဂျပန်နိုင်ငံရှိ မြို့များပေါ်ကျရောက်လာမည့် ဘေးအန္တရာယ်များကို လက်တွဲ ရင်ဆိုင်ခဲ့ပုံကို ရိုက်ကူးပုံဖော်ထားသည့် ဇာတ်ကားဖြစ်သည်။
အဆိုပါရုပ်ရှင်ဇာတ်ကားကို အမေရိကန်ဒါရိုက်တာ လီအိုင်ဆက်ချောင်က ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးမည်ဖြစ်ပြီး Star Wars ဒါရိုက်တာ ဂျေဂျေအေဘရမ်က ပူးတွဲထုတ်လုပ်သူအဖြစ် တာဝန်ယူမည်ဖြစ် သည်။


Your Name ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ညွှန်းကို ဒါရိုက်တာ လီအိုင်ဆက်ချောင်ကပင် ပြန်လည် ရေးသားမည်ဖြစ်ကြောင်း Paramount ရုပ်ရှင်ကုမ္ပဏီက ကြေညာထားသည်။


(သူရိန်)







အခြားဆက်စပ်သတင်းများ