နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ကာလပြီးနောက် အနုပညာလှုပ်ရှားမှုများ ပြန်လည်လုပ်ကိုင်လိုသည့် ရဲတိုက်

ရန်ကုန်  စက်တင်ဘာ  ၂၁


သရုပ်ဆောင်ရဲတိုက်က COVID ကာလပြီးနောက် အနုပညာအလုပ်များပြန်လည်လုပ်ခွင့်ရပါက "ဧရာဝတီ" ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန်စီစဉ်ထားကြောင်းကို မီဒီယာများထံ ပြောပြလာသည်။

“ကျွန်တော် မင်းသားတစ်ယောက်အနေနဲ့ အရင်တုန်းက စတိုင်လ်ကျကျ ဟန်ပါပါလေးနဲ့ အမှားမပါတဲ့ အမူအရာတွေကို ကျွန်တော် လုပ်ကောင်းလုပ်နိုင်ခဲ့လိမ့်မယ်။ အခုချိန်မှာတော့ တစ်ခါတလေမှာ အမူအရာ မှားချင် မှားနိုင်ပါလိမ့်မယ်။ တကယ်လို့ ဇာတ်ကားတွေ ပြန်ရိုက်ရပြီဆိုရင် ဧရာဝတီဆိုတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားရိုက်ဖို့ ပြောထားတာရှိပါတယ်။ ဆာတိုရီထုတ်လုပ်ရေးကပဲရိုက်မှာ။ ဒီဇာတ်ကားထဲမှာတော့ တပြုံးပြုံးလေးနဲ့ ကြည့်ရဦးမှာပါ" ဟု သရုပ်ဆောင် ရဲတိုက်က ပြောသည်။


လက်ရှိအချိန်တွင် COVID ကာလနှင့် ကျန်းမာရေးအခြေအနေကြောင့်ပါ ဇာတ်ကားရိုက်ကူးရေးများ နားထားရခြင်းဖြစ်ကြောင်း ကျန်းမာရေး ပြန်လည်ကောင်းမွန်လာရန်လည်း ဂရုစိုက်နေထိုင်နေကြောင်း ယင်းက ထပ်မံပြောထားသည်။ သရုပ်ဆောင်ရဲတိုက်က ၂၀၁၇ ခုနှစ်က ထောင်ကလွတ်လာပြီးနောက် အာရုံကြောရောဂါနှင့်ပတ်သက် သည့် ဝေဒနာတစ်ခုကြောင့် ဆေးကုသမှုခံယူခဲ့ရသေးသည်။


၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ကျန်းမာရေးအနည်းငယ်ပြန်ကောင်းလာချိန်တွင် "ဒဏ္ဍာရီမိုး" ရုပ်ရှင်ကား ကြီးကို သရုပ်ဆောင် ရဲတိုက်အပါအဝင် ဒေါင်း၊ ရွှေထူး၊ ဝတ်မှုံရွှေရည်တို့နှင့်အတူ ရိုက်ကူးခဲ့သည်။ ရိုက်ကူးရေးတွင် မီးထိုး၊ မှန်ထိုးဒဏ်များကြောင့် အာရုံကြောရောဂါပြန်ဖြစ်ပြီး အနုပညာလှုပ်ရှားမှုများ ပြန်လည်ရပ်နားခဲ့ရသည်။ သရုပ်ဆောင် ရဲတိုက်က တီဗီကြော်ငြာများ၊ ဗီဒီယိုဇာတ်ကား များစွာတွင်လည်း ပါဝင်သရုပ်ဆောင်ထားသူတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်ထိ ပရိသတ်အားပေးမှုအပြည့်အဝ ရရှိထားသည့် အနုပညာရှင်တစ်ယောက်လည်းဖြစ်သည်။


(WP)






အခြားဆက်စပ်သတင်းများ