နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Sony က မိတ်ဆက်လိုက်သည့် Sony Xperia 5 II

စက်တင်ဘာ   ၂၁


မျက်နှာပြင်အရွယ်အစား ၆ ဒသမ ၁ လက်မရှိပြီး 21:9 အချိုးကြောင့် screen အနံအကျယ်သည် ၂ ဒသမ ၆၈ လက်မရှိသည့် ၂၀၂၀ ထွက် flagship ဖုန်းသစ်တစ်လုံးဖြစ်သည့် စမတ်ဖုန်းသစ်တစ်လုံးကို Sony က မိတ်ဆက်လိုက်သည်။

5G support ပေးထားသည့် Snapdragon 865 processor ဖြင့်ထွက်ရှိလာပြီး RAM 8GB ၊ Storage 128GB/256GB တို့ဖြင့်ထွက်ရှိလာကာ  ရှေ့ဘက်လှည့်စတီရီယိုစပီကာနှစ်လုံးနှင့် 3.5mm headphone jack လည်း ထည့်ပေးထားသည်။ ဘက်ထရီပါဝါ 4000 mAh ပါရှိသည်။

ကင်မရာပိုင်းတွင် ရှေ့ဘက် 8MP နှင့် ကျောဘက် Xperia 1 II စတိုင် ထောင်လိုက် ဘေးကပ် 12MP သုံးလုံးတွဲကင်မရာများ ပါဝင်သည်။ main camera နှင့် tele lens တို့သည် OIS (Optical Image Stabilization) စနစ်ပံ့ပိုးထားပြီး ultrawide lens သည် main sensor ကဲ့သို့ Dual Pixel autofocus ဖြင့် ထွက်ရှိလာသည့် အဆိုပါဖုန်းသည် 4K HDR ကို 120fps ဖြင့် အနှေးရိုက်ချက်များပါ ရိုက်ကူးနိုင်သည့် ပထမဆုံးဖုန်းဖြစ်ကြောင်း ကုမ္ပဏီက ပြောထားသည်။

ကင်မရာသုံးလုံးစလုံးဟာ မှန်ဘီလူးပေါ် ရောင်ပြန်ရိုက်မှုကို လျှော့ချပေးမည့် T* anti-reflective coating အသုံးပြုပေးထားသည့်အပြင် လူနှင့် တိရစ္ဆာန်များ၏ မျက်လုံးကို ချိန်သားဖမ်းရန် Eye Autofocus စနစ်လည်းထွက်ထားပြီး Auto Exposure/Auto Focus ဖြင့် တစ်စက္ကန့်ပုံ ၂၀ အထိ ရိုက်ကူးနိုင်သည်။  ဖုန်းကိုယ်ထည်သည် IP68/IPX5 rating နှင့် ရေစိုဒဏ်ခံနိုင်ပြီး ဖုန်း၏ ရှေ့/နောက်ကို အကြမ်းခံ Gorilla Glass 6 အုပ်ထားပေးသည်။

အနက်၊ မီးခိုး၊ အပြာနှင့် ပန်းရောင် အရောင် ၄ ရောင်ထွက်ရှိထားသည့် အဆိုပါစမတ်ဖုန်းကို ဒေါ်လာ ၉၅၀ (မြန်မာငွေကျပ် ၁၂ သိန်းခွဲကျော်) ဈေးဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။


(WP)






အခြားဆက်စပ်သတင်းများ