နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မုံရွာ-မန္တလေးကားလမ်းတွင် ယာဉ်တိမ်းမှောက်မှု

စစ်ကိုင်း စက်တင်ဘာ ၂၁


 စက်တင်ဘာ ၁၉ ရက်၊ နေ့လယ် ၃ နာရီအချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပဲကတိုး ရပ်ကွက်၊ စစ်ကိုင်းတက္ကသိုလ်အနီး၊ မုံရွာ-မန္တလေးကားလမ်း၊ မိုင်တိုင် အမှတ် (၁၉/၆)နှင့် (၁၉/၇)အကြားတွင် ရွာသစ်ကြီးအထည်ချုပ်စက်ရုံမှ ယာဉ်မောင်း ဦးဝင်းမြင့် မောင်းနှင်သည့် ယာဉ်အမှတ် 6B---- HINO TE အမျိုးအစား ဝန်ထမ်းကြို/ပို့ယာဉ်သည် စီယာတိုင် တိုက်ရော့   (Tie Rod)ပြုတ်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ကွန်ကရစ်တုံးများအား တိုက်မိပြီးတိမ်းမှောက်မှုဖြစ်ပွားသဖြင့် စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက် ကူညီဆောင်ရွက်ခဲ့ပါသည်။ 

 အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦး၊ စုစုပေါင်း(၃)ဦးတို့ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် စစ်ကိုင်းမြို့၊ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကာ တိမ်းမှောက်နေသောယာဉ်အား ပြန်လည်တည့်မတ်ခြင်းနှင့် လမ်းကြောရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပြီး ယာဉ်မဆင်မခြင် မောင်းနှင်သူယာဉ်မောင်း ဦးဝင်းမြင့်အား ရွာသစ်ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ