နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စက်တင်ဘာလကုန်တွင် ယာဉ်လိုင်းများပြေးဆွဲမှုရပ်သွားနိုင်

ရန်ကုန်၊  စက်တင်ဘာ  ၂၁


မြို့တွင်း YBS စီးနင်းသူခရီးသည်ဦးရေမှာ ထက်ဝက်နီးပါး လျော့ကျသွားသည့်အတွက် စက်တင်ဘာလ အကုန်တွင် ယာဉ်လိုင်းများပြေးဆွဲမှုရပ်သွားနိုင်ကြောင်း Power Eleven ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်း ဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။ 

သြဂုတ် ၁၆ ရက်နောက်ပိုင်းမှစ၍ Covid-19 ဒုတိယလှိုင်း ဖြစ်ပွားလာပြီး ပြည်တွင်းကူးစက်မှုနှုန်း သည်လည်း ဆက်တိုက်မြင့်တက်လာကာ သေဆုံးသူဦးရေမှာလည်း တိုးလာကြောင်း သိရသည်။ ယင်းကြောင့် Covid-19 ဗဟိုကော်မတီမှ Stay at Home မြို့နယ်များကို ကြေညာခဲ့ပြီး လက်ရှိအချိန်တွင် ကိုကိုးကျွန်းမှအပ ရန်ကုန်တစ်မြို့လုံး Stay at Home အဖြစ် ကြေညာကာ လုပ်ငန်းခွင်များလည်း ပိတ်သွားမည်ဖြစ်သည့်အတွက်  ခရီးသည်ဦးရေပို၍လျော့ကျလာတော့မည်ဖြစ်ကြောင်း ယင်းက ပြောသည်။ 

“အဓိက ခရီးသွားနည်းတာ။ ခရီးသွားနည်းတော့ ဝင်ငွေတွေကျတယ်။ ဝင်ငွေတွေကျတော့ လုပ်ငန်း လည်ပတ်စရိတ်တွေမရကြဘူး။ မရတော့ ထွက်ကားတွေက လျော့ကျသွားတယ်။ လုပ်ငန်းလည်ပတ်စရိတ် တော့ မရတော့ဘူး။ ရှုံးတာထက်ကို သူက လုပ်ငန်းလည်ပတ်ဖို့ကို မဖြစ်နိုင်တော့ဘူး။ အဲဒီတော့ ကားတွေ တော်တော်များများ ရပ်သွားတာပေါ့။ စက်တင်ဘာလအကုန်ဆိုရင်တောင် ကားတွေ ရပ်သွားနိုင်တယ်။ အဓိက စီးမယ့်သူမရှိတော့တာ”ဟု Power Eleven ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။ 

ယခင်က ဘတ်စ်ကားစီးသူ ခရီးသည်ဦးရေမှာ နေ့စဉ် ပျမ်းမျှ ၅၅၀ ဦးရှိပြီး ကားတစ်စီး၏ဝင်ငွေသည်လည်း  ၁၁၀ဝ၀ဝ ဝန်းကျင်ရရှိကြောင်း၊ လက်ရှိ Covid-19 ကာလအတွင်း ဘတ်စ်ကားစီးသူ ခရီးသည်ဦးရေမှာ ၁၅၀ ဝန်းကျင်ရှိပြီး ဝင်ငွေမှာလည်း ၃၀ဝ၀ဝ ဝန်းကျင်သာရကာ စက်သုံးဆီဖိုးသာရရှိတော့ပြီး ယာဉ်မောင်း လုပ်အားခနှင့် ပြင်ဆင်စရိတ်မရတော့ကြောင်း သိရသည်။ 

ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီကမူ ယာဉ်လိုင်းများပြေးဆွဲမှုကို လုံးဝရပ်သွားမည်မဟုတ်ဘဲ အရှုံးခံ ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ သို့ရာတွင် ပုံမှန်ထွက်နေသည့်ယာဉ်များထက် လျှော့ချပြေးဆွဲရခြင်းများရှိ ကြောင်း သိရသည်။


(မေဘယ်လ်အောင်)






အခြားဆက်စပ်သတင်းများ