နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ထောက်ပံ့ကူညီဆောင်ရွက်လျက်ရှိ

ရန်ကုန်၊  စက်တင်ဘာ  ၂၁


တောင်တရုတ်ပင်လယ်ပြင်မှ စတင်ဖြစ်ပွားခဲ့သော အပူပိုင်းမုန်တိုင်း NOUL ၏ အရှိန်ကြောင့် ထိခိုက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေလှိုင်း ရိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပေါင်မြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် အိမ်ခြေ ၉၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း၊ မြိတ်၊ ပုလောမြို့နယ်တို့တွင်လည်း အိမ်ခြေ ၅၀ ကျော်နှင့် ဘာသာရေးကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့သည့်အပြင် နေအိမ်များအတွင်း ရေဝင်ရောက်မှုကြောင့် အိမ်ခြေ ၄၃၀ ကျော်မှ လူဦးရေ ၁၆၀၀ ကျော်တို့ ယာယီခိုလှုံရာစုရပ် ၇ ခုနှင့် ဆွေမျိုးနေအိမ်များသို့ ပြောင်းရွှေ့ ခိုလှုံခဲ့ရသည်။

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်အတွင်း၌လည်း မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် စစ်တောင်းမြစ် ဒီရေတက်ခြင်းတို့ကြောင့် စစ်တောင်းမြစ်ကမ်းပါးနှင့် ဆက်စပ်လျက်ရှိသည့် ကျေးရွာများရှိ အိမ်ခြေ ၁၅၀၀ ကျော်မှ လူဦးရေ ၇၀၀၀ ကျော် ဘေးလွတ်ရာနေရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။

ယခုအခါတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ ဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို သက်ဆိုင်ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှတစ်ဆင့် ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း သိရသည်။        


ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ