နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တွင် အသွားအလာကန့်သတ်ခြင်း ၇ ရက်သို့ လျှော့ချ

ရန်ကုန်၊  စက်တင်ဘာ  ၂၁


ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အသွားအလာကန့်သတ်ခြင်း Facility Quarantine ရက်ကို မူလကသတ်မှတ်ထားသော ၁၄ ရက်အစား ၇ ရက်သို့ လျှော့ချလိုက်ပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်းထုတ်ပြန်လိုက်သည်။

ယခုထုတ်ပြန်ချက်အရ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများ၊ နေအိမ်တွင်နေထိုင်ရေး(Stay at Home) သတ်မှတ်ထားသော တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများမှ ရောက်ရှိလာသူများကို Facility Quarantine ၇ ရက်သာ ထားရှိရတော့မည်ဖြစ်သည်။

ထိုသို့ Facility Quarantine ထားရှိသည့်ရက်မှစ၍ ၅ ရက်မြောက်နေ့တွင် ဓာတ်ခွဲနမူနာရယူစစ်ဆေးမည် ဖြစ်ပြီး ရောဂါပိုးမတွေ့ရှိပါက Home Quarantine ၇ ရက်သာ ဆက်လက်ထားရှိသွားမည်ဖြစ်ပြီး ရောဂါအခံ ရှိသူများနှင့် အတူနေထိုင်သူများကို Facility Quarantine ဆက်လက်ထားရှိမည်ဖြစ်သည်။

ယခုကဲ့သို့သောသူများကို ဓာတ်ခွဲနမူနာ တစ်ကြိမ်သာ စစ်ဆေးမည်ဖြစ်သော်လည်း အတည်ပြုလူနာနှင့်  အနီးကပ်ထိတွေ့ခဲ့သူ (Primary Contact) များကို သတ်မှတ်ထားသော ၇ ရက်အတွင်း ဓာတ်ခွဲနမူနာ (၂)ကြိမ် အထိ စစ်ဆေးသွားမည်ဖြစ်သည်။

အဆိုပါ (၂)ကြိမ်စလုံး စစ်ဆေးရာတွင် ရောဂါပိုးမတွေ့ရှိမှသာ Home Quarantine (၇)ကို ဆက်လက်၍ အသွားအလာကန့်သတ်ထားရှိမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။


ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ