နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကြောင့် မျိုးဗီဇတူ အမြွှာညီအစ်မနှစ်ဦး ၃ ရက်ခြားပြီး ကွယ်လွန်

ဧပြီ ၂၅၊ လန်ဒန် မျိုးဗီဇတူညီသည့် အမြွှာညီအစ်မနှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရ ပြီးနောက် တစ်ဦးနှင့် တစ်ဦး သုံးရက်ခြား၍ ကွယ်လွန်သွားခဲ့သည်။ ကလေးသူနာပြု ကေတီဒါဗစ်မှာ ပြီးခဲ့သည့်အင်္ဂါနေ့က ဆောက်သမ်တန် အထွေထွေရောဂါကု ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ ကေတီဒါဗစ်၏ အမြွှာညီအစ်မဖြစ်ပြီး သူနာပြုဆရာမဟောင်းတစ်ဦးဖြစ်သည့် အမ်မာ မှာလည်း ပြီးခဲ့သည့်သောကြာနေ့က အဆိုပါဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ '' လူ့ဘဝထဲ ရောက်လာတုန်း ကလည်း အတူတူ၊ ပြန်သွားရင်လည်း အတူတူပဲ ပြန်မယ်လို့ သူတို့ အမြဲပြောလေ့ရှိပါတယ်''ဟု ယင်းတို့၏ အစ်မဖြစ်သူ ဇိုးက ပြောသည်။ ကေတီဒါဗစ်နှင့် အမ်မာတို့ ညီအစ်မနှစ်ဦးမှာ အခြားကျန်းမာရေးပြဿနာများရှိပြီး အချိန်အတော်ကြာ ကတည်းက နာမကျန်းဖြစ်ခဲ့ကြသည်ဟု ဆိုသည်။ အမ်မာ မကွယ်လွန်မီ နာရီပိုင်းအကြာတွင် ဆောက်သမ်တန် ဆေးရုံမှ ဝန်ထမ်းများက ဆေးရုံပင်မဝင်ပေါက်တွင် ကေတီအတွက် လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြသည်။ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ဗြိတိန်နိုင်ငံတွင် စုစုပေါင်း သူနာပြု ၅၀ ဦး သေဆုံးခဲ့သည်ဟု Nursing Times သတင်းဌာနက ဖော်ပြသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ