ရန်ကုန် စက်တင်ဘာ ၁၉
ကမ္ဘာ့နိုင်ငံများသည် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုတို့၏ ဆိုးကျိုးသက်ရောက် မှုများကို တွေ့ကြုံခံစားနေရပြီဖြစ်သည်။ ကမ္ဘာနှင့်အဝန်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်လျက် ရှိသည်။ ကမ္ဘာ့မိသားစုနိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့်လည်း ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များ ကို ခံစားရလျက်ရှိသည်။ ရာသီဥတုပြောင်းလဲမှု၏ အဓိကအကြောင်းရင်းများတွင် လုပ်ငန်းကဏ္ဍအသီးသီးမှ ထုတ်လွှတ်သော ဖန်လုံဓာတ်ငွေ့များ လေထုအတွင်းများပြားခြင်း၊ သစ်တောများပြုန်းတီးခြင်းတို့လည်း ပါဝင် သည်။
မြန်မာနိုင်ငံသည်လည်း ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များကို ခံစားရလျက်ရှိပြီး အပူပိုင်းဒေသ မြို့ကြီးများတွင် အပူချိန်များသည် လွန်ခဲ့သော ဆယ်စုနှစ်များနှင့်နှိုင်းယှဉ်ပါက သိသာစွာတိုးလာသည်ကို တွေ့ရသည်။ သက်ဆိုင်ရာဌာနများက အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ သည်။ ရာသီဥတုပြောင်းလဲမှုနှင့် နောက်ဆက်တွဲသဘာဝဘေးအန္တရာယ်များသည် နေရာမရွေး၊ ဒေသမရွေး ဖြစ်ပေါ်နိုင်ပေသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်း နိုလ်(NOUL) သည် ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ပြီး စက်တင်ဘာ ၁၉ ရက်တွင် လေပွေလှိုင်းအဖြစ် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားရာ စက်တင်ဘာ ၁၈ ရက်မှ ၂၂ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်း ဖြစ်ပေါ်နိုင်ကြောင်း မိုးသည်းထန် ထစ်ချုန်းရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ လည်း ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ အပူပိုင်းမုန်တိုင်း နိုလ်(NOUL) ၏ လေပွေလှိုင်း ဖြတ်သန်းသွားလာနိုင် သည့် လမ်းကြောင်းတစ်လျှောက်ရှိ တိုင်းဒေသကြီး ပြည်နယ်များတွင် နေထိုင်ကြသူများ အထူးသဖြင့် မွန်ပြည် နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေထိုင်ကြသူများအနေဖြင့် လေပြင်းတိုက်ခတ်ခြင်း၊ တောင်ကျချောင်းရေများကြောင့် ရုတ်တရက် ရေကြီးနိုင်ခြင်းနှင့် မြေပြိုခြင်းများနှင့်ုပတ်သက်၍ အထူးသတိပြု နေထိုင်ရန် လိုအပ်ပြီး ပြည်သူလူထုအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန Hot Line များဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇- ၃၄၀၄၇၇၇ သို့ အကူအညီတောင်းခံနိုင်ကြောင်း အသိပေးနှိုးဆော်ထားရာ သဘာဝဘေးဖြစ်ပေါ်လာပါက လျင်မြန်စွာဆက်သွယ်ဆောင်ရွက်စေချင်ကြောင်း ။ ။