နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေများအဖွဲ့အတွက် လှူဒါန်းမှုများပြုလုပ်ခဲ့သည့် နေခြည်ဦး

ရန်ကုန်   စက်တင်ဘာ   ၁၆


သရုပ်ဆောင် နေခြည်ဦးက  စက်တင်ဘာ ၁၅ ရက်က အမေများ အိမ်ရာတွင် နေထိုင်သည့် ဝါရင့် အနုပညာရှင်ကြီးများအတွက် အသုံးအဆောင်ပစ္စည်းများနှင့် ကျန်းမာရေးထောက်ပံ့ငွေများလှူဒါန်းခဲ့သည်။


"အမေတို့ အမေများအိမ်ရာအတွက် သမီးရယ်၊ သမီး မိသားစုရယ်၊ Beautybynaychi Team ရယ် စုပြီး Covid ကာလ အခက်အခဲလေးတွေ အဆင်ပြေအောင် စောင်၊ ခြင်ထောင်နဲ့အတူ လိုအပ်တာလေးတွေအတွက် အလှူငွေ ဆယ်သိန်း လှူခဲ့ပါတယ်။ လူစုလူဝေးရှောင်နေရတဲ့အချိန်မို့ ကိုယ်တိုင်မလာနိုင်တာလည်း နားလည် ပေးပါနော်။


နောက်တစ်ခေါက် သမီးချစ်ရတဲ့ chillies တွေနဲ့ စုပေါင်းပြီး အလှူလာလုပ်ဦးမယ်နော် အမေ။ မိဘဆိုတာ သက်ရှိဘုရားလို့ သမီးရင်မှာ ခိုအောင်းအောင် ဆုံးမပေးခဲ့တဲ့ အမေ ဒေါ်နွဲ့နွဲ့စန်းနှင့် အမေများအတွက် ချစ်သမီး နေခြည်ဦး"ဟု ဆိုပြီး စက်တင်ဘာ ၁၅ ရက်၊ နေ့လယ် ၁၂ နာရီခွဲကျော်က Beautybynaychi Facebook Page တွင် ရေးသားခဲ့သည်ကို တွေ့ရသည်။


နေခြည်ဦးသည် Beautybynaychi Facebook Page တွင်လည်း ပရိသတ်များနှင့် အဆက်မပြတ် အလှအပရေးရာများအကြောင်းကို မျှဝေနေပြီး အနုပညာနှင့်ပတ်သက်ပြီး နေခြည်ဦးနှင့် အောင်ရဲလင်းတို့ ပါဝင်သရုပ်ဆောင်ထားသည့် Music Series က ပရိသတ်ကြား ရေပန်းစားနေသည်။ ယင်း Music Series တွင် အဆိုတော် ထက်ယံ သီဆိုထားသည့် "ချစ်လိုက်" ၊ "မင်းထက် နိဗ္ဗာန်ကို မလိုချင်" ၊ "ကျေနပ်လား" စသည့် Music Series ဖြစ်ပြီး နေခြည်ဦးနှင့် အောင်ရဲလင်းတို့၏ စုံတွဲသရုပ်ဆောင်မှုများကို ပရိသတ်အများစုက သဘောကျနှစ်သက်ကြသည်။


Beauty Blogger ဘဝနှင့် အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာသူဖြစ်ပြီး အချိန်တိုလေးအတွင်း Beauty Blogger ဘဝမှ သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာသူတစ်ဦးဖြစ်သည်။ နာမည်ကြီး မင်းသားများနှင့်အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကိုပါ ဆက်တိုက်ဆိုသလို ရိုက်ကူးခဲ့ရ သူလည်းဖြစ်သည်။   “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးထဲတွင်လည်း ပီပြင်စွာ ပါဝင်သရုပ်ဆောင်ထားသူ တစ်ဦးဖြစ်သည်။     


(WP)






အခြားဆက်စပ်သတင်းများ