နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ဇာတ်ကားကို Viu Myanmar Application တွင် ပြသမည်

ရန်ကုန်   စက်တင်ဘာ   ၁၆


Half & Half Film Production ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်သည့် ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာ ၁၈ ရက်တွင် Viu Myanmar Application မှတစ်ဆင့် ထုတ်လွှင့်ပြသသွား မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါဇာတ်ကားတွင် သရုပ်ဆောင်များအနေဖြင့် မင်းမော်ကွန်း၊ မြင့်မြတ်၊ ခင်စန်းဝင်း၊ သုသု၊ လင်းလင်း၊ မထက် (Pop Soul) ၊ ကေညီ၊ တက္ကသိုလ်ဂွမ်းပုံ၊ ဧည့်သည်သရုပ်ဆောင် ထက်ထက်ထွန်း၊ ရွှေရင်အေး၊ အုန်းသီး၊ ချက်ကြီး၊ ဖိုးသဲ၊ စိန်သီး၊ စိုပြေ၊ ဟားတစ်သိုက်အဖွဲ့၊ LGBT (မိတ်ကပ် အန်တီမင်း၏ ချစ်သမီးများ)နှင့် အခြား အနုပညာရှင်များ ပါဝင်သရုပ်ဆောင်ထားကြသည်။


ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွှန်း ပြည်ဟိန်းသီဟ၊ ဒီဒီထက်အောင်က ဇာတ်ညွှန်း ရေးသားပေးထားပြီး ဇာတ်လမ်းနှင့် ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူးတည်းဖြတ်ထားခြင်းဖြစ်သည်။


အဆိုပါဇာတ်ကားသည် အချစ်၊ အလွမ်း၊ LGBT နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရိုက်ကူး ထားခြင်းဖြစ်ပြီး ရသမျိုးစုံကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ