နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နာမည်ကြီး X-Men ဇာတ်ကောင်နေရာ သရုပ်ဆောင်ရန် နီးစပ်နေကြောင်း Lady Gaga ပြော

စက်တင်ဘာ   ၁၆


Lady Gaga သည် အနုပညာလောကထဲသို့ ပေါ့ပ်အဆိုတော်အဖြစ် ဝင်ရောက်လာခဲ့ပြီး တမူထူးခြားသည့် ဝတ်စားဆင်ယင်ပုံများ၊ Music Video များအပြင် ပါရမီထူးကဲလှသည့်အသံကြောင့် ပရိသတ်များ နှစ်သက် သဘောကျသူတစ်ဦးဖြစ်သည်။


ဂီတဘက်တွင်သာမက ရုပ်ရှင်လောကထဲကိုလည်း မကြာမကြာ ပါဝင်အားဖြည့်ပေးတတ်သူတစ်ဦး ဖြစ်သည်။ ယင်းကို ပထမဆုံးအကြိမ်အဖြစ် ၂၀၁၃ ခုနှစ်က Machete Kills တွင် ဇာတ်ရံအဖြစ် စတင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်က Sin City: A Dame to Kill For တွင်လည်းကောင်း၊ ၂၀၁၈ ခုနှစ်က Bradley Copper နှင့် A Star Is Born တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည့်အပြင် American Horror Story ၏ Hotel တွင်လည်း ပါဝင်ခဲ့ဖူးသူဖြစ်သည်။


ယခုအခါ Marvel Cinematic Universe က X-Men ကားထဲက Frost ကို တာဝန်ယူသရုပ်ဆောင်မှာဖြစ်ကြောင်းကို gaga က NME တွင် ဖော်ပြထားခဲ့သည်။  ယခင်က Frost ဇာတ်ကောင်ကို X-Men: First Class ထဲတွင် January Jones က သရုပ်ဆောင်ခဲ့ဖူးသည်။   

                                                                    (WP)






အခြားဆက်စပ်သတင်းများ