နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘက်ထရီ 6000 mAh ပါဝင်သည့် Tecno Spark Power 2 Air ကို ကြေညာ

စက်တင်ဘာ   ၁၆


Tecno က Tecno Spark Power 2 Air စမတ်ဖုန်းသစ်တစ်လုံးကို ကြေညာလာသည်။ အဆိုပါဖုန်းမှာ ၇ လက်မ IPS LCD 720x1640px Resolution မျက်နှာပြင်ရုပ်ထွက်သုံးထားပြီး 20:5:9 Aspect Ratio နှင့် 480 nits အလင်း ထောက်ပံ့ထားသည်။

Spark Power 2 Air ၏ အတိုင်းအတာက 174.9 x 79.6 x 9.2 မီလီမီတာရှိပြီး ပိုလီကာဗွန်နိုက်ကိုယ်ထည် အသုံးပြုထားသည်။ Helio A22 Chipset ၊ RAM3GB နှင့် အထိုင်ချထားပြီး Storage 32GB ပါဝင်ကာ microSD မှတစ်ဆင့် ထပ်တိုးနိုင်မည်ဖြစ်သည်။ Android 10 အခြေပြု HiOS 6.1 သုံးထားကာ လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်းထားသည်။

ကင်မရာများအနေဖြင့် ရှေ့ကင်မရာ 8MP နှင့် ကျောဘက်ကင်မရာ 13MP+2MP Macro+2MP Depth +AI Lens တို့ သုံးထားသည်။ ဘက်ထရီ 6000 mAh ပါဝင်ပြီး Standby အသုံးပြုမည်ဆိုပါက ၅၆၀ နာရီထိ အသုံးခံမည်ဖြစ်ပြီး ဂိမ်းကစားမည်ဆိုပါက ၁၃ နာရီထိ ခံနိုင်မည်ဖြစ်သည်။ အခြားစနစ်များအနေဖြင့် Bluetooth v5, 4G LTE, Wi-Fi 802.11 b/g/n/ac တို့ပါဝင်သည်။

Tecno Spark Power 2 Air ကို စက်တင်ဘာ ၂၀ ရက်တွင် စတင်ရောင်းချသွားမည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ၁၃၆ ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။                                             

 (သူရိန်)






အခြားဆက်စပ်သတင်းများ