နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖုန်းရွေးချယ်ဝယ်ယူရာတွင် ထည့်သွင်းစဉ်းစားသင့်သည်များ

စက်တင်ဘာ   ၁၆


ဖုန်းထဲတွင် မိမိလိုအပ်ချက်နှင့် ကိုက်ညီမှုရှိသည့် Feature များပါဝင်ပြီး စိတ်တိုင်းကျသည့်စမတ်ဖုန်းကို မှန်ကန်စွာရွေးချယ်နိုင်ခြင်းသည်လည်း အရေးပါသည့်အချက်တစ်ချက်ဖြစ်သည်။ 

အဓိကစဉ်းစားရမည့် ပထမအချက်က ဖုန်းအားကြာရှည်ခံနိုင်စွမ်းဖြစ်သည်။ ဖုန်း ဘက်ထရီအားကို Milliampere-hours (mAh) ဖြင့်တိုင်းတာပြီး ယခုဈေးကွက်ရှိ ဖုန်းများတွင် ပျမ်းမျှ 4000 mAh ဝန်းကျင် ပါဝင်လာကြသည်။ ဖုန်းနှင့် အဓိကအလုပ်လုပ်ကိုင်သူများ၊ ဂိမ်းကစားသူများအတွက် ဖုန်းအား ပိုမိုကြာရှည်ခံမည့် 5000 mAh ဖုန်းများကို ရွေးချယ်နိုင်မည်ဖြစ်သည်။ ဖုန်းဘက်ထရီသာမက အားသွင်း စနစ်ကိုလည်း ထည့်သွင်းစဉ်းစားပေးရမည့်အချက်ဖြစ်သည်။ ဖုန်းပူခြင်းမရှိဘဲ အမြန်ဆုံး အားသွင်းနိုင်သည့် စနစ်ပါဝင်သည့် ဖုန်းများဖြစ်ပါက ပိုမိုအဆင်ပြေစေနိုင်သည်။ 

ဖုန်း ရွေးချယ်ရန် Operating System ၊ Processor နှင့် ထည့်သွင်းနိုင်မှုပမာဏ (RAM/ROM) တို့သည်လည်း အရေးပါသည့်အချက်များဖြစ်သည်။ Operating System တွင် IOS နှင့် Android တို့တွင် ကောင်းမွန်သည့်အချက်များရှိကာ နှစ်သက်ရာကို ရွေးချယ်နိုင်သည်။ Android ကြိုက်သူများက နောက်ဆုံး ထွက်ရှိထားသည့် Android 10 ပါဝင်သည့် ဖုန်းများကို ဦးစားပေးရွေးချယ်သင့်သည်။ Operating System ကို အထောက်အကူပေးနိုင်သည့် Processor များကလည်း ဖုန်းစွမ်းဆောင်မှုကို တစ်ဆင့်မြှင့်တင်ပေးသည်။ 

Snapdragon၊ MediaTek တို့တွင် ဈေးကွက်တွင်းစိတ်ချရသည့် Processor များဖြစ်သည်။ ဂိမ်းကစားသူ များနှင့် App များကို စိတ်ကြိုက်အသုံးပြုနိုင်ရန် RAM 4GB သည် လုံလောက်သည့် ပမာဏဖြစ်ပြီး ဖုန်းဟန်းမှုများမရှိဘဲ App များ၊ ဂိမ်းအများအပြားကို တစ်ပြိုင်နက်အသုံးပြုရာတွင် အဆင်ပြေနိုင်ရန် RAM 8GB ပါဝင်သော ဖုန်းများကို ရွေးချယ်သင့်သည်။ Phone Storage များလေ သုံးစွဲသူအတွက် ပိုမိုအဆင်ပြေစေနိုင်သည်။ ဖုန်း Display နှင့် Sound System ကိုလည်း အလေးထားစဉ်းစားရွေးချယ်ရန် လိုအပ်သည်။ ဓာတ်ပုံဝါသနာရှင်များအတွက် ဖုန်းကင်မရာစွမ်းဆောင်ရည်တို့ကို ရွေးချယ်ရမည့် အချက် ဖြစ်သည်။ ဈေးနှုန်း၊ ဖုန်း Design ၊ Unlock System စသည့် မိမိနှင့်ကိုက်ညီသည့် ဖုန်းရရှိနိုင်ရန် ထည့်သွင်း စဉ်းစားရမည့်အချက်များဖြစ်သည်။ 

ဈေးကွက်ထဲဝင်ရောက်လာသည့် OPPO A92 ကလည်း ရွေးချယ်စရာတစ်ခုဖြစ်လာသည်။ 5000 mAh နှင့်အတူ 18W Fast Charge (9V 2A) ပါဝင်သည့်အတွက်ကြောင့် 0 မှ 50 ရာခိုင်နှုန်းကို ၄၅ မိနစ်အတွင်း အားသွင်းနိုင်မည်ဖြစ်ပြီး Storage ပမာဏ 8GB RAM + 128GB ROM ပါဝင်သည့်အပြင် Qualcomm Snapdragon 665 (64-bit capable octa-core CPU) နှင့် Color OS 7.1 (Android 10) တို့ ပါဝင်ပြီး Hyperboost လည်း ပါဝင်သည့်အတွက်ကြောင့် ဂိမ်းကစားသူများအတွက်ပါ အဆင်ပြေစေမည့် အမျိုးအစားဖြစ်သည်။ AI Quad Camera တို့ကို ကျောဘက်တွင် 48MP+8MP+ 2MP + 2MP ပါရှိပြီး ရှေ့ကင်မရာမှာ 16MP Selfie ကင်မရာပါဝင်ကာ  ဒီဇိုင်း 3D Curve Body နှင့်Screen တွင် လက်ရာမထင်စေရန် ပြုလုပ်ပေးထားသည့် Side Fingerprint Unlock စနစ်ပါရှိသည်။ 

(WP)






အခြားဆက်စပ်သတင်းများ