နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သက်ကြီးရွယ်အိုများ အလေးဂရုပြု

စက်တင်ဘာ  ၁၆


မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုများ လျင်မြန်စွာ တိုးတက်လာပြီး သက်ကြီးရွယ်အိုပါဝင်နှုန်း ၉ ရာခိုင်နှုန်း ခန့်ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။ အဘိုး၊ အဘွား၊ မိဘများနှင့် သား၊ သမီး၊ မြေးမြစ်များ အတူတကွ ချစ်ချစ်ခင်ခင် နေထိုင်ခြင်း၊ အဘိုး၊အဘွား၊ မိဘတို့ကို သား၊ သမီး၊ မြေး၊ မြစ်များက ရိုသေလေးစားခြင်း၊ ကျေးဇူးရှင်များအဖြစ် ဦးထိပ်ပန်ဆင်ခြင်း၊ သားသမီးဝတ်ငါးပါးနှင့်အညီ ကျေးဇူးဆပ်ခြင်း၊ ပြန်လည်ပြုစု စောင့်ရှောက်ခြင်း စသည့် ဓလေ့စရိုက်များသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများအကြားတွင် ချစ်စရာ ဓလေ့စရိုက်အဖြစ် ယနေ့တိုင် မယိုင်မလဲခိုင်မြဲလျက်ရှိသည်။

နိုင်ငံတစ်ဝန်းရှိ အသက် ၈၅  နှစ်အထက် အဘိုး၊ အဘွားများအား ထောက်ပံ့ချီးမြှင့်ငွေ ကျပ်သုံးသောင်းကို ချီးမြှင့်ခဲ့ပေသည်။ မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်မှုအပိုင်းတွင် သက်ကြီးရွယ်အိုများအပေါ် စာနာ ထောက်ထား ဂုဏ်ပြုထောက်ပံ့ခဲ့ခြင်းဖြစ်သည်။ အဘိုး၊အဘွားများ၏ ဘဝရှေ့ရေး သာယာချမ်းမြေ့မှုကို စောင့်ရှောက်ကာကွယ် ကူညီတတ်သည့် မြန်မာတို့၏ လူမှုရေးဓလေ့စရိုက်အစဉ်အလာများ သက်ကြီးရွယ်အို များကို အလေးထားသော ကူညီစောင့်ရှောက်မှုများသည် မွန်မြတ်သော ပရဟိတလုပ်ငန်းဖြစ်သည်။

ရန်ကုန်မြို့တွင် COVID-19 ကပ်ရောဂါအနေအထားသည် ယခင်ရက်သတ္တပတ်များက ဆယ်ဂဏန်းမျှ အနေအထားမှ ယနေ့တွင် ၃၀၀ နီးပါးခန့် ပြန့်ပွားလာသည်။ ရောဂါဖြစ်ပွားမှု ၈၀ ရာခိုင်နှုန်း ဖြစ်ပွားပြီးနောက် ပြန်လည်သက်သာပျောက်ကင်းသွားတတ်သည်။ ရောဂါအခံရှိသူများနှင့် သက်ကြီးရွယ်အိုများအတွက် စိုးရိမ် ဖွယ်ရာအခြေအနေရှိပြီး ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၆ ဦးရှိရာမှ ယနေ့အထိ သေဆုံးသူ ၃၉ ဦးအထိ ဖြစ်လာခဲ့သည်။ 

COVID-19 ကပ်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရာတွင် ကျန်းမာရေးဘက်ဆိုင်ရာ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဝါးဆေးပညာရပ်ဆိုင်ရာ၊ ကျွမ်းကျင်ပညာရှင်များ၊ စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပါဝင်ကြိုးပမ်းဆောင်ရွက်နေရာ ပြည်သူများ၏ ပေါ့ဆမှုကြောင့် မိမိတို့၏ သက်ကြီးရွယ်အို မိဘဘိုးဘွားများနှင့် ရောဂါအခံရှိသူများ သေဆုံးမှုနှုန်းမြင့်တက်လာနိုင်သည်။ ယခုဆုံးပါးသူများတွင် ရောဂါအခံရှိသူများသာမက ဆယ်ကျော်သက်အရွယ်များပါ ရောဂါဖြစ်ပွားနှုန်း မြင့်တက်လာသည်။

COVID-19 ကပ်ရောဂါဘေး ကာကွယ်ရေးအတွက် တတ်နိုင်သမျှ မိမိအိမ်တွင်းနေထိုင်ရေးနှင့် တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ပြောဆိုရေး၊ အပြင်ထွက်ပါက Mask တပ်ရေး၊ လက်ကို ဆပ်ပြာနှင့်ဆေးကြောခြင်းဖြင့် ရောဂါကို ကာကွယ်စေချင်ကြောင်း  . . . . . ။        ။






အခြားဆက်စပ်သတင်းများ