နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယူးယော့ခ်ပြည်နယ်ကို အသွားအလာကန့်သတ်ရန် မလိုအပ်ဟု ဒေါ်နယ်ထရမ့် ဆို

နယူးယော့ခ်ပြည်နယ်ကို အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုရန် မလိုအပ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။ COVID-19 ကူးစက်ပျံ့နှံ့မှု နှေးကွေးစေရန်အတွက် နယူးယော့ခ်ပြည်နယ်၊ နယူးဂျာစီပြည်နယ်နှင့် ကွန်နက်တီကပ်ပြည်နယ် တစ်စိတ်တစ်ပိုင်းတို့ကို အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုလုပ်နိုင်သည်ဟု အစောပိုင်းတွင် ဒေါ်နယ်ထရမ့်က ပြောခဲ့ဖူးသည်။ နယူးယော့ခ်ပြည်နယ်တွင် COVID-19 ကူးစက်ခံထားရသူ ၅၂၀၀၀ ကျော် ရှိနေသည်။ အမေရိကန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ၏တစ်ဝက်နီးပါးမှာ နယူးယော့ခ်ပြည်နယ်မှဖြစ်သည်။ သို့သော် ကိုရိုနာဗိုင်းရပ်စ် တွန်းလှန်တိုက်ဖျက်ရေးဆိုင်ရာ အိမ်ဖြူတော်တပ်ဖွဲ့၏ အကြံပေးချက်အရ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောသည်။ နယူးယော့ခ်ပြည်နယ်ကို အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမည့်အစား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ(CDC)များက နယူးယော့ခ်၊ နယူးဂျာစီနှင့် ကွန်နက်တီကပ်ပြည်နယ်များတွင် ထိရောက်သည့် ခရီးသွားလာမှုဆိုင်ရာ အကြံပြုချက်များ ထုတ်ပြန်သွားလိမ့်မည်ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ သို့သော် ခရီးသွားလာမှုဆိုင်ရာ အကြံပြုချက်များမှာ ကျန်းမာရေးဝန်ထမ်းများ၊ အစားအစာ ထုတ်လုပ်ပံ့ပိုးပေးနေသူများအပါအဝင် အဓိကကျသည့် အခြေခံအဆောက်အအုံဆိုင်ရာ ဝန်ဆောင်မှုပေးသူများကို အကျုံးဝင်မည်မဟုတ်ဟု CDC က ပြောသည်။ နယူးယော့ခ်ပြည်နယ်ကို အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်းမှာ ရူးမိုက်သည့် ဆုံးဖြတ်ချက်ဖြစ်လိမ့်မည်ဟု နယူးယော့ခ်ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ Ref:BBC (KNT)






အခြားဆက်စပ်သတင်းများ