နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၁,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

တာချီလိတ် စက်တင်ဘာ ၁၁


   စက်တင်ဘာ ၉ ရက်၊ ည ၉ နာရီအချိန် တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်၊ ဧည့်ရိပ်သာအနီးတွင် စိုင်းဆောမောင်းနှင်သည့် Toyota Hilux Vigo အမျိုးအစား မော်တော်ယာဉ်နှင့် စိုင်းယီ မောင်းနှင်သည့် Mitsubishi Pajero အမျိုးအစား မော်တော်ယာဉ်တို့အား ရပ်တန့်ရှာဖွေရာ Mitsubishi Pajero ယာဉ်နောက်ခန်းရှိ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀,၀၀၀ ပြားများတွေ့ရှိ၍ ဖမ်းဆီးခဲ့ပါသည်။ 

အဆိုပါ ဖမ်းဆီးရမိခဲ့သော စိုင်းယီ(၃၀)နှစ်နှင့် စိုင်းဆော(၂၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ