နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီပေါမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

သီပေါ စက်တင်ဘာ ၁၁


   စက်တင်ဘာ ၁၀ ရက်၊ ညနေ ၅ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် သီပေါမြို့နယ်၊ ပန်ညု-သီပေါသွားကားလမ်း၊ (၉)မိုင်လမ်းခွဲ၊ ခိုလုံတံတားအနီးတွင် ဇော်ထက်ဝင်း မောင်းနှင်လာသောမော်တော်ဆိုင်ကယ်အားရပ်တန့်ရှာဖွေရာ ၎င်းလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၄၀၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ဇော်ထက်ဝင်း(၂၆)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

စက်တင်ဘာ ၉ ရက်၊ မွန်းလွဲ  ၁၂ နာရီ ၄၅ မိနစ်အချိန် မော်လိုက်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဖောင်းပြင်မြို့နယ်၊ သငါကျေးရွာအုပ်စု၊ သငါကျေးရွာအနီးရှိ ဝင်းမြင့်ဦး၏လယ်တဲသို့ ဝင်ရောက်ရှာဖွေရာ ၎င်းအား မတွေ့ရှိဘဲ မသက်ထားမိုး၊ ဝဏ္ဏထွန်း(ခ)ခခ တို့ကိုတွေ့ရှိရပြီး တဲအတွင်းမှ ဘိန်းဖြူ ၀ ဒသမ ၉၄၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် မသက်ထားမိုး(၂၃)နှစ်၊ ဝဏ္ဏထွန်း(ခ)ခခ(၁၄)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ