နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ညောင်ရွှေမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ညောင်ရွှေ စက်တင်ဘာ ၁၃


  စက်တင်ဘာ ၁၁ ရက်၊ မွန်းလွဲ ၂ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ညောင်ရွှေမြို့နယ်၊ မိုင်းပျိုးကျေးရွာအုပ်စု၊ မိုင်းပျိုး(တောင်)ကျေးရွာအနီးရှိ ဘုရားကျိန်းကျောင်းစက်လှေဆိပ်တွင် နိုင်လင်း(ခ)ရွှေတိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။ 

ဆက်လက်၍ ရေပူကျေးရွာအုပ်စု၊ လွယ်နွဲ့ကျေးရွာရှိ နိုင်လင်း(ခ)ရွှေတိုး၏နေအိမ်သို့ သွားရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် နိုင်လင်း(ခ)ရွှေတိုး(၃၂)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ