နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌ဖန်လုံအိမ်ဓာတ်ငွေ့နှင့် ဂေဟစနစ်ထိန်းသိမ်းရေး

ရန်ကုန်  စက်တင်ဘာ ၁၃


ရာသီဥတုပြောင်းလဲမှုတွင် ကမ္ဘာတစ်ဝန်းသစ်တောများ ပြုန်းတီးလာသည့်အတွက် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့နှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှင့်မှုများပြားလာခြင်းစသည့် အကြောင်းရင်းများကြောင့် ဖြစ်သည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့သစ်တောသယံဇာတအခြေအနေ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာစုစုပေါင်း၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းဖြစ်၍ နှစ်စဉ်ကမ္ဘာ့သစ်တောပြုန်းတီးမှုအဆင့်ပြဇယား၌  အဆင့် (၇) တွင်ရှိသည်။

၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော သစ်တောသယံဇာတဆန်းစစ်လေ့လာခြင်းနှင့်အစီရင်ခံစာ (FRA 2015) အရ မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုအဆင့်ပြဇယား အဆင့် (၃)တွင်ရှိခဲ့သဖြင့် ကမ္ဘာ့အဆင့်သစ်တောပြုန်းတီး မှုအဆင့်လျော့ကျခဲ့ကြောင်း မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းကို ၂၀၁၇-၂၀၁၈ မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ ၁၀ နှစ် စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိရာ နိုင်ငံပိုင်သစ်တောစိုက်ခင်းတည်ထောင် ခြင်းလုပ်ငန်းတွင် လျာထားဧက ၂၁၅၇၂၅ အပေါ်တွင်  ၄ နှစ်ကာလအတွင်း ၈၇၃၈၅ ဧက ပြီးစီးဆောင်ရွက်နိုင်ခဲ့ သည်။

ကျေးရွာထင်းစိုက်ခင်းကို တိုင်းဒေသကြီး၊ ပြည်နယ်ရန်ပုံငွေဖြင့် စီမံကိန်းလျာထားဧက ၆၉၈၂၅ တွင် ၄ နှစ် တာကာလအတွင်း ဧက ၁၄၀၈၀ ပြီးစီးအောင် အကောင်အထည်ဖော်ခဲ့သည်။ သစ်တောဦးစီးဌာနသည် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းနှင့် သစ်တောသယံဇာတများ ထုတ်ယူရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။ လက်ရှိအခြေအနေတွင် ကမ္ဘာတစ်ဝန်း ဖန်လုံအာနိသင်ဓာတ်ငွေ့များ ထုတ်လွှတ်မှု သည် လျင်မြန်စွာ မြင့်တက်နေလျက်ရှိကြောင်း ကမ္ဘာတစ်ဝန်းက အစီအမံများ ပြုလုပ်ထိန်းချုပ်သွားရန်လို ကြောင်း ကုလသမဂ္ဂက သတိပေးချက်တစ်ရပ် ထုတ်ပြန်ထားသည်။

ကမ္ဘာ့အသိုက်အဝန်းက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ ထုတ်လွှတ်မှုလျှော့ချသွားရန် လျင်လျင်  မြန်မြန် ဆောင်ရွက်သွားရန်လိုအပ်သည်။ မြေကမ္ဘာကို ဒုက္ခပေးနေသော ကာဗွန်ဓာတ်ငွေ့လျှော့ချရေးကို  အသိပညာရှင်၊ အတတ်ပညာရှင်များက ဆွေးနွေးညှိနှိုင်းအဖြေရှာနေကြသည်။ အိုဇုန်းလွှာသည် ကမ္ဘာ့မြေပြင် ပေါ်သို့ နေမှကျရောက်သည့် ဘေးအန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းအထိ စုပ်ယူပေးသည့် သဘာဝအကာအရံဖြစ်သည်။ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုသည် လက်ရှိအနေအထားအတိုင်း ဆက်လက်ထုတ်လုပ်ခွင့်ပြုထားလျှင် နောက်ပိုင်း ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ရန် မလွယ်ကူ ကြောင်း ကုလသမဂ္ဂက သတိပေးထုတ်ပြန်ထားသည်။ သဘာဝတော၊ တောင်၊ ရေအရင်းအမြစ်၊ သစ်တော များစသဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုမရှိအောင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်သွားကြရမည်ဟု ဆိုချင်ပါကြောင်း ။        ။






အခြားဆက်စပ်သတင်းများ