နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေပေမဲ့ ဟောင်ကောင်မြို့တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆို

ဧပြီ ၂၄၊ ဟောင်ကောင် ဟောင်ကောင်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားနေသော်လည်း ကျောင်းသား၊ ကျောင်းသူ သောင်းချီက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခဲ့ကြသည်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ပြီးခဲ့သည့်လက ဖြေဆိုရန် စီစဉ်ထားသော်လည်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် အချိန်ရွှေ့ဆိုင်းခဲ့ရသည်။ သို့သော် ဧပြီလ ၂၄ ရက်တွင် တင်းကျပ်သည့်စည်းမျဉ်းများ ချမှတ်ပြီး ဝင်ခွင့်စာမေးပွဲ စတင်ဖြေဆိုခဲ့ကြသည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများမှာ နှာခေါင်းစည်းဝတ်ဆင်လာရန် လိုအပ်ပြီး စာမေးပွဲခန်းအတွင်း ခပ်ခွာခွာနေရေးစည်းမျဉ်းများကို လိုက်နာရမည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများကို စာမေးပွဲခန်းထဲ ဝင်ခွင့်မပေးမီ ယင်းတို့၏ ခန္ဓာကိုယ်အပူချိန်ကို တိုင်းတာခဲ့သည်။ ဟောင်ကောင်မြို့တွင် COVID-19 ရောဂါကူးစက်ခံရသူ ၁၀၃၅ ဦး ရှိနေပြီး သေဆုံးသူ ၄ ဦး ရှိသည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ