နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ထီးချိုင့် စက်တင်ဘာ ၁၂

   စက်တင်ဘာ ၉ ရက်၊ နံနက် ၄ နာရီအချိန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်း၊ မိုင်တိုင်အမှတ်(၁၁၃)နှင့်(၁၁၄)အကြား၊ နေပူတောင်(ဒိုးပင်တောင်) အဆင်း၊ နတ်ကြီးစင်အနီးတွင် ကြက်သွန်နီအိတ်များ သယ်ဆောင်လာသည့် ယာဉ်မောင်း သူရထွန်းမောင်းနှင်လာသော ယာဉ်အမှတ် SGG/8A-xxxx TOYOTA(ဒိုင်နာ) ယာဉ်သည် ကလပ်ကြွေ/ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ဘေးတစောင်းအနေအထားဖြင့် တိမ်းမှောက်မှု ဖြစ်ပွားသိရသဖြင့် ထီးချိုင့်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။

 အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၃)ဦးအနက် ကားခေါင်းခန်းအတွင်း ညပ်မိနေသူ အမျိုးသား(၁)ဦး(သေဆုံး)အား အလယ်တောတိုက်နယ်ဆေးရုံသို့လည်းကောင်း၊ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား အင်းတော်ဆေးရုံသို့လည်းကောင်း ကူညီပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း သူရထွန်းအား ထီးချိုင့်မြို့မရဲစခန်းမှ ယာဉ်(ပ)၃၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ