နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပန်းတနော်မြို့နယ်၊ လှည်းဆိပ်ကျေးရွာအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွား

ပန်းတနော် စက်တင်ဘာ ၁၂

   စက်တင်ဘာ ၉ ရက်၊ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စု၊ လှည်းဆိပ်ကျေးရွာအနီး၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ်(၄၇/၆)နှင့် (၄၇/၇) အကြားတွင် ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးမျိုးမြင့်ဦး မောင်းနှင်လာသော YGN-2B/xxxx DYNA အမျိုးအစား(အဖြူရောင်)ကုန်တင်ယာဉ်သည် ၎င်းနှင့် လားရာတူ သွားနေသော ဆိုင်ကယ်အား ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောရှိ ယာဉ်မောင်း ဦးသန်းဇော်ဦး မောင်းနှင်လာသည့် NPW-9Q/xxxx ISUZU အမျိုးအစား(အဖြူရောင်)ယာဉ်အား မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားသဖြင့် ပန်းတနော်မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်အမှတ် YGN-2B/xxxx ကုန်တင်ယာဉ်ပေါ်ရှိ ယာဉ်မောင်းပါ အမျိုးသား (၂)ဦးအနက် တစ်ဦးတွင် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ပန်းတနော်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း ဦးမျိုးမြင့်ဦးအား ပန်းတနော်မြို့မရဲစခန်းမှ ယာဉ်(ပ)၃၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

ဆွေဦး






အခြားဆက်စပ်သတင်းများ