နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မရမ်းချောင်စစ်ဆေးရေးစခန်း၌ တရားမဝင်ကျွန်းသစ်ခွဲသား ၇ ဒသမ ၆၁၆ တန် ဖမ်းဆီးရမိ

ကျိုက်ထို စက်တင်ဘာ ၁၂

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးစခန်း၌ စက်တင်ဘာလ ၇ ရက်က တရားမဝင် ကျွန်းသစ်ခွဲသားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 ဖြစ်စဉ်မှာ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် သစ်တောဝန်ထမ်းများပါဝင်သည့် ပူးပေါင်း အဖွဲ့သည် စက်တင်ဘာ ၇ ရက်၊  မွန်းလွဲ ၂ နာရီအချိန်က အဆိုပါစစ်ဆေးရေးစခန်း၌ စစ်ဆေးနေစဉ် ဝေါမြို့ဘက်မှ သထုံမြို့ဘက်သို့ ရန်ကုန်-မော်လမြိုင်ကားလမ်းအတိုင်း မြဝတီမြို့၊ (၃)ရပ်ကွက်နေ အောင်လင်းထိုက်(၂၅)နှစ်မောင်းနှင်လာသော 2J/xxxx Canter ကွန်တိန်နာယာဉ်နှင့် ဖြူးမြို့နယ်နေ ဆန်းဝင်း(ခ)သန်းဝင်း(ခ)အနဲ(၂၅)နှစ်မောင်းနှင်ပြီး ကျိုက်ထိုမြို့နယ်နေ ဝေယံဦး(၂၆)နှစ် လိုက်ပါလာသည့် 7J/xxxx ISUZU ကွန်တိန်နာယာဉ်(၂)စီးမှာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ 2J/xxxx Canter ယာဉ်ပေါ်မှ တရားမဝင်ကျွန်းသစ်ခွဲသား ၃၀၃ ချောင်း ၄ ဒသမ ၄၉၄၄ တန်နှင့် 7J/xxxx ISUZU ယာဉ်ပေါ်မှ တရားမဝင် ကျွန်းသစ်ခွဲသား ၁၄၁ ချောင်း(၃.၁၂၁၆)တန်၊ စုစုပေါင်း ကျွန်းသစ်ခွဲသား(၇.၆၁၆)တန်အား ဖမ်းဆီးရမိသဖြင့် အောင်လင်းထိုက်ပါ ၃ ဦးအား သိမ်ဇရပ်နယ်မြေရဲစခန်း(ပ)၄၅၄/၂၀၂၀၊ သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ