နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(၄)မြို့နယ်အတွင်း ဆိုင်ကယ် ၁၂ စီးခိုးသူတစ်ဦး ဖမ်းဆီးရမိ

ရန်ကုန် စက်တင်ဘာ ၁၂

  ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်နှင့်အညီ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ခိုး၊ဆိုး၊လု၊နှိုက်သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် ဆိုင်ကယ်ခိုးမှုများကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၃)ရပ်ကွက်၊ ညီညွတ်ရေးလမ်း၊ အမှတ် (၁၄၅)နေ နေမျိုးနိုင်(ခ)ကတုံး ကို KENBO အမျိုးအစား CZI-125 ဆိုင်ကယ်(၁)စီးနှင့်အတူ တွေ့ရှိ စစ်ဆေးရာ အဆိုပါဆိုင်ကယ်နှင့်ပတ်သက်၍ ၎င်းပိုင်ဆိုင် ကြောင်း တစ်စုံတစ်ရာပြောဆိုပြသနိုင်မှုမရှိသဖြင့် ဖမ်းဆီးခဲ့ပါသည်။

 ဖမ်းဆီးရမိသူ နေမျိုးနိုင်(ခ)ကတုံးကို အခြားပြစ်မှုများ ကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ် တိုက်ဆိုင် စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၂၀ ပြည့်နှစ်၊ မေလမှ ဩဂုတ်လအထိ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့အတွင်း လှည့်လည် သွားလာ၍ လမ်းဘေး၌ရပ်ထားသော ဆိုင်ကယ်အမျိုးမျိုး(၁၂)စီးအား ခိုးယူခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက် ပါသည်။

 စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်း ဆိုင်ကယ်အမျိုးမျိုး(၁၂)စီးအား ပြန်လည် သိမ်းဆည်းရရှိပြီးဖြစ်၍ ခိုးမှုကျူးလွန်သူ နေမျိုးနိုင်(ခ)ကတုံး ကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ