နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းစိန်မြို့နယ်တွင် ဖုန်း၊ laptop နှင့် Bank Card များ ခိုးမှုကျူးလွန်သူနှစ်ဦးကို ဖမ်းဆီးရမိ

ရန်ကုန် စက်တင်ဘာ ၁၁


 အမှုမှာ ဩဂုတ် ၃၁ ရက်၊ ည ၉ နာရီအချိန်တွင် တရားလို ဒေါ်-----သည် အင်းစိန်မြို့နယ်၊ ရွာမ အရှေ့ရပ်ကွက်၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းဝန်းရှိ သပြေဆောင်၌ တည်းခိုအိပ်စက်ခဲ့ရာ ၁.၉.၂၀၂၀ ရက်နေ့ ၀၈၀၀ အချိန် အိပ်ရာမှနိုးထစဉ် ကုတင်ခေါင်းရင်းစားပွဲပေါ်တွင် တင်ထားသော ACER အမျိုးအစား Laptop တစ်လုံး၊ AYA Bank Card ၊ Yoma Bank Card ၊ KBZ Bank Card ၊ Mi 6X အမျိုးအစား ဖုန်းတစ်လုံးနှင့် ငွေ ၁၃,၀၀၀ ကျပ်ခန့်ထည့်ထားသည့် ဘေးလွယ်အိတ်တစ်လုံးတို့မှာ ပျောက်ဆုံးသွား ကြောင်း စစ်ဆေးသိရှိရသဖြင့် အဆိုပါပစ္စည်းများ ခိုးယူသွားသူကို စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် အင်းစိန်မြို့မရဲစခန်းသို့ အမှုဖွင့် တိုင်တန်းမှုဖြစ်ပါသည်။

 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်နှင့်အညီ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးက အနီးကပ်ကြီးကြပ်၍ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များနှင့် အင်းစိန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်သက်သေများအား စစ်ဆေးပြီး တရားခံအမြန်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ဝါခင်းကျောင်းလမ်းနေ ပျော့ကြီး(ခ) သန်းမင်းအောင်နှင့် မင်းမင်းထိုက်(လိပ်စာတူ)တို့နှစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် စက်တင်ဘာ ၉ ရက်၊ ည ၈ နာရီခွဲအချိန်တွင် ၎င်းတို့၏နေအိမ်၌ ခိုးယူသွားသည့် သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

 ဖမ်းဆီးရမိသူ ပျော့ကြီး(ခ)သန်းမင်းအောင်နှင့် မင်းမင်းထိုက် တို့(၂)ဦးကို အမှုဖြင့် တိုက်ဆိုင် စစ်ဆေးခဲ့ရာ စက်တင်ဘာ ၁ ရက်၊ နံနက် ၄ နာရီအချိန်တွင် အဆိုပါခိုးမှုအား ကျူးလွန်ခဲ့ကြကြောင်း ဝန်ခံထွက်ဆိုသဖြင့် ၎င်းတို့နှစ်ဦးကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ