နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် စက်တင်ဘာ ၁၁


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီး ခြင်းဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၀ ရက်၊ နံနက် ၂ နာရီအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် (၇၀)ရပ်ကွက်၊ လှော်ကားလမ်းနှင့် အနော်ရထာလမ်းထောင့်၌ ရာဇာထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ 

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၃ နာရီ ၅၅ မိနစ်အချိန်တွင် (၁၀)ရပ်ကွက်၊ အနော်ရထာလမ်းမကြီးပေါ်၌ တင်ထက်သူ ထံမှ အသွား(၉)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ ညနေ ၆ နာရီခွဲအချိန်တွင် ကျုံစုကျေးရွာ၊ မြသီရိလမ်းမကြီးပေါ်၌ သက်ပိုင်ထွေးထံမှ အသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန် စကေဘာတစ်ချောင်း၊ ည ၉ နာရီခွဲအချိန်တွင် (၁၆)ရပ်ကွက်၊ ဇေယျာသီရိ(၅)လမ်းမပေါ်၌ လှမြင့် ထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းနှင့် (၂၀)ရပ်ကွက်၊ ဗိုလ်တေဇလမ်းမပေါ်၌ ဉာဏ်လင်းထံမှ အရိုးအသွား (၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရမိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ