နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်မဲမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု

ကျောက်မဲ စက်တင်ဘာ ၁၀


   စက်တင်ဘာ ၉ ရက်၊ ညနေ ၆ နာရီ ၁၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကျောက်မဲမြို့နယ်၊ မူဆယ်-မန္တလေးသွားကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် စိုင်းနေလင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၄၀၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။ 

အလားတူ ညနေ ၆ နာရီ ၄၀ မိနစ်အချိန်တွင် အောင်အောင်စိုး(ခ)ရှမင် မောင်းနှင်ပြီး ဇော်မင်းဦး(ခ)ဟာမင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ ၎င်းတို့နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် စိုင်းနေလင်း(၂၃)နှစ်၊ ဇော်မင်းဦး(ခ)ဟာမင်(၂၃)နှစ်၊ အောင်အောင်စိုး(ခ) ရှမင်(၂၁)နှစ်တို့အား ကျောက်မဲမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ