နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်လည်ဘူးမြို့နယ်တွင် ငွေကျပ် ၁,၀၃၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု

ပင်လည်ဘူး စက်တင်ဘာ ၁၀


  စက်တင်ဘာ ၉ ရက်၊ ည ၁၁ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် ပင်လည်ဘူးမြို့နယ်၊ သစ်ဖြူကျင်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာသွားကားလမ်းတွင် နေလွင်မောင်းနှင် ပြီး အောင်မြင့်စိုး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ လက်ဆွဲအိတ် အတွင်းမှ ဘိန်းဖြူ ၁ ဒသမ ၀၆ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃,၇၀၀ ပြားတို့ကို တွေ့ရှိခဲ့သဖြင့် ဖမ်းဆီး သိမ်းဆည်းခဲ့ပါသည်။

အဆိုပါ ဖမ်းဆီးရမိ နေလွင်(၄၄)နှစ်၊ အောင်မြင့်စိုး(၄၆)နှစ်တို့အား ပင်လည်ဘူးမြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ