နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် စက်တင်ဘာ ၁၀


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီး ခြင်းဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၉ ရက်၊ နံနက် ၉ နာရီခွဲအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် (၁၆)ရပ်ကွက်၊ ကမ္ဘောဇလမ်းမပေါ်၌ ဇော်ညွန့်ထွေးထံမှ အသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီ ၁၀ မိနဟ်အချိန်တွင် ရွှေပေါက္ကံ၊ (၂၁)ရပ်ကွက်၊ ရွာမလမ်းမပေါ်၌ ရဲဝင်းအောင်ထံမှ အသွား(၂၃)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊  မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်တွင် ထောက်ကြန့်၊ ရဲစုတောင်ရပ်ကွက်၊ ဘောလုံးကွင်း(၁)လမ်းမပေါ်၌ အာကာမင်းထက်ထံမှ အရိုးအသွား(၁၉)လက်မခန့်ရှိ ထိပ် ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရမိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုဖွင့်အရေးယူ ခဲ့ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ