နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ဟု အီရန်နိုင်ငံ ဆို

ဧပြီ ၂၃၊ တီဟီရန် ပထမဆုံးအကြိမ်အဖြစ် စစ်ဘက်ဆိုင်ရာ ဂြိုဟ်တုတစ်လုံးကို ကမ္ဘာပတ်လမ်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း အီရန်နိုင်ငံ အစ္စလာမ်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့(IRGC)က ပြောသည်။ Nur(အလင်းရောင်)ဟု အမည်ပေးထားသည့် ဂြိုဟ်တုကို အဆင့်(၃)ဆင့် လုပ်ဆောင်သည့် ကာဆက်(Qased)ဒုံးပျံက တင်ဆောင်ခဲ့ပြီး အမြင့် ၄၂၅ ကီလိုမီတာရှိသည့် ကမ္ဘာပတ်လမ်းသို့ ပို့ဆောင်ပေးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ အီရန်နိုင်ငံမှာ ပြီးခဲ့သည့်နှစ်အတွင်း ဂြိုဟ်တုလွှတ်တင်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ယခုနောက်ဆုံး ဂြိုဟ်တုလွှတ်တင်မှု အောင်မြင်ကြောင်း အတည်ပြုနိုင်ပါက အမေရိကန်နှင့် အီရန်နိုင်ငံကြား တင်းမာမှုများ ပိုမိုမြင့်တက်လာဖွယ်ရှိသည်။ အီရန်နိုင်ငံက ယင်းကဲ့သို့ ကြေညာခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အမေရိကန်နိုင်ငံ၏ သင်္ဘောများကို နှောင့်ယှက်ပါက အီရန်တိုက်လှေများအားလုံးကို ပစ်ခတ်ဖျက်ဆီးရန် အမေရိကန်ရေတပ်ကို ညွှန်ကြားထားသည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်တွင် အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့၏ ရေတပ်သင်္ဘော ၁၁ စင်းက အမေရိကန် ရေတပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘော ခြောက်စင်းအနားသို့ နှောင့်ယှက်သည့်ပုံစံ ချဉ်းကပ်ခဲ့ရာ ဒေါ်နယ်ထရမ့်က အဆိုပါဖြစ်ရပ်ကို ရည်ညွှန်းပြောကြားခဲ့ခြင်းဖြစ်သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ