နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွပ်ခိုင်မြို့နယ် နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ကွပ်ခိုင် စက်တင်ဘာ ၁၀


   စက်တင်ဘာ ၈ ရက်၊ နံနက် ၁၁ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာအုပ်စု၊ မန်မောကျေးရွာနေ အိုက်ပီး၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ဘိန်းဖြူ ၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၇,၀၀၀ ပြားနှင့် ဘိန်းစိမ်း ၁ ကီလိုတို့ကိုသိမ်း ဆည်းရမိခဲ့သဖြင့် အိုက်ပီး(၃၄)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

စက်တင်ဘာ ၈ ရက်၊ မွန်းလွဲ ၂ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၂ လမ်း၊ ၁၀၃ လမ်းထောင့်တွင် ငြိမ်းချမ်းအောင်(ခ)မင်းပြည့်စုံ အောင်မောင်းနှင်ပြီး ကျော်ဇောထက်ဝေ(ခ)သားကြီး လိုက်ပါလာသော မော်တော်ဆိုင်ကယ်အားရပ်တန့်ရှာဖွေရာ ကျော်ဇောထက်ဝေ(ခ)သားကြီး၏ လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၉၇၅ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ကျော်ဇောထက်ဝေ(ခ)သားကြီး(၃၀)နှစ်၊ ငြိမ်းချမ်းအောင်(ခ)မင်းပြည့်စုံအောင်(၁၉)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ