နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်နိုင်ငံတွင် အရေးပေါ်အခြေအနေကြေညာမှုကို တတိယအကြိမ် သက်တမ်းတိုး

ဧပြီ ၂၃၊ မက်ဒရစ် စပိန်နိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာမှုကို တတိယအကြိမ် သက်တမ်းတိုးမြှင့်ရန် လွှတ်တော်က အတည်ပြုခဲ့သည်။ စပိန်နိုင်ငံတွင် မတ်လ ၁၄ ရက်ကစတင်၍ အရေးပေါ်အခြေအနေ ကြေညာခဲ့ရာ သွားလာလှုပ်ရှားမှုနှင့် စီးပွားရေးလုပ်ငန်းများကို တင်းတင်းကျပ်ကျပ် ကန့်သတ်ခဲ့သည်။ အရေးပေါ်အခြေအနေ ကြေညာမှုကို တတိယအကြိမ် သက်တမ်းတိုးမြှင့်ခဲ့ခြင်းကြောင့် မေလ ၉ ရက်အထိ အရေးပေါ်အခြေအနေ သက်ရောက်မှုရှိမည်ဖြစ်ပြီး ပြည်သူမျာကို အိမ်ထဲတွင်သာ နေကြရန် ကြေညာထားခြင်းမှာ စုစုပေါင်း ရက်သတ္တရှစ်ပတ်အထိ ကြာမြင့်လာမည်ဖြစ်သည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက မိန့်ခွန်းပြောရာတွင် စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က အရေးပေါ်အခြေအနေကြေညာမှုကို သက်တမ်းတိုးမြှင့်ရန် ထည့်သွင်းပြောကြားခဲ့သည်။ ''အရေးပေါ်အခြေအနေကို ဒီတစ်ကြိမ် သက်တမ်းတိုးမြှင့်မှုက တခြားအကြိမ်တွေနဲ့ မတူပါဘူး။ ဒီတစ်ကြိမ်ကတော့ ဂရုတစိုက် ပုံဖော်ရမယ့် အပြုသဘောဆောင်တဲ့ အနာဂတ်အတွက် အရေးပေါ် အခြေအနေကို သက်တမ်းတိုးလိုက်တာပါ။ အဲဒီကာလအတွင်း ကန့်သတ်မှုစည်းမျဉ်းတွေကို စတင် ဖြေလျှော့သွားမှာပါ''ဟု ပက်ဒရိုဆန်းချက်ဇ်က ပြောသည်။ ထိန်းချုပ်မှု ဖြေလျှော့ရေးနှင့် ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေးမှာ တဖြည်းဖြည်းချင်းဆောင်ရွက်ပြီး လုံခြုံစိတ်ချရန် လိုအပ်သည်ဟု ပက်ဒရိုဆန်းချက်ဇ်က လွှတ်တော်အမတ်များကို သတိပေးခဲ့သည်။ စပိန်နိုင်ငံသို့ ဝင်ရောက်လာမည့်သူများတွင် COVID-19 ရောဂါပိုးရှိသူများ ပါဝင်နေမည်ကို ရှောင်လွှဲနိုင်ရန်အတွက် စပိန်နိုင်ငံသို့ ဝင်၊ ထွက်သွားလာမည့်သူများအတွက် ထိန်းချုပ်ရေးအစီအစဉ်ကို စပိန်အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟု ပက်ဒရိုဆန်းချက်ဇ်က ပြောသည်။ စပိန်နိုင်ငံမှာ ကမ္ဘာပေါ်တွင် COVID-19 ကူးစက်ခံရသူ ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၂၀၈၀၀၀၊ သေဆုံးသူ ၂၁၇၁၇ ဦး ရှိနေသည်။ စပိန်နိုင်ငံမှာ ဥရောပတွင် အသွားအလာကန့်သတ်မှု အတင်း ကျပ်ဆုံးနိုင်ငံဖြစ်သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ