နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ရောဂါပိုးရှိသူအများစုတွင် အနံ့၊ အရသာ ပျောက်ဆုံးလေ့ရှိဟု ဆို

ဧပြီ ၂၃၊ လန်ဒန် COVID-19 ‌ရောဂါပိုးရှိသူအများစုမှာ အနံ့၊ အရသာ ပျောက်ဆုံးသည့် အခြေအနေ ကြုံတွေ့လေ့ရှိကြောင်း သုတေသီများက ပြောသည်။ အီတလီနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ ၂၀၀ ကျော်ကို စစ်တမ်းကောက်ယူမှုအရ ၆၇ ရာခိုင်နှုန်းမှာ အနံ့၊ အရသာမရတော့ကြောင်း တွေ့ရသည်။ လန်ဒန်မြို့ Guy's Hospital မှ ဆရာဝန် ဒေါက်တာ ဘော်ဆက်တိုနှင့် လုပ်ဖော်ကိုင်ဖက်များက အီတလီနိုင်ငံရှိ COVID-19 လူနာ ၂၀၂ ဦးကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းပြီး စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ '' တို့ဖတ်နမူနာယူပြီး ၅ ရက်၊ ၆ ရက်အကြာမှာ လူနာတွေကို ဆက်သွယ်တယ်။ တို့ဖတ်နမူနာမယူခင် ၂ ပတ်အတွင်းမှာ အနံ့၊ အရသာ ခံစားမှုပြောင်းလဲသွားတယ်လို့ သူတို့က ပြောကြတယ်''ဟု ဘော်ဆက်တို၏ အဖွဲ့က ဆေးပညာစာစောင်တွင် ရေးသားထားသည်။ COVID-19 ‌ရောဂါပိုးရှိသူအများစု ခံစားရသည့် ရောဂါလက္ခဏာများမှာ ပင်ပန်းနွမ်းနယ်မှု ၆၈ ဒသမ ၃ ရာခိုင်နှုန်း၊ ချောင်းခြောက်ဆိုးမှု ၆၀ ဒသမ ၄ ရာခိုင်နှုန်း၊ အဖျားဝေဒနာခံစားမှု ၅၅ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။ Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ