နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လွိုင်ကော်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိိ

လွိုင်ကော် စက်တင်ဘာ ၉


  စက်တင်ဘာ ၇ ရက်၊ နံနက် ၁၁ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ မထောခူကျေးရွာအုပ်စု၊ လောလာလိကျေးရွာနေ ဦးတီး(ခ) မောင်တီးနှင့် ဇနီး မနှင်းနှင်းအေးတို့၏ နေအိမ်အားရှာဖွေရာ နေအိမ်မီးဖို‌ဆောင်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၃၇၀ ပြား၊ မြန်မာငွေ ၅၀,၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါ ဖမ်းဆီးရမိ ဦးတီး(ခ)မောင်တီး(၄၆)နှစ်၊ မနှင်းနှင်းအေး(၃၆)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ